ပရိသတ်တွေရဲ့ အားပေးမှု ရခဲ့တဲ့ သီချင်းလေးပါ။
Sabal Thwin

ဖြိုးပြည့်စုံနဲ့ မိစန္ဒီတို့ သီဆိုထားကြတဲ့ " Go Away Corona" သီချင်းလေးကတော့ JOOX App မှာ ပရိသတ်အားပေးမှု အများဆုံး ရရှိပြီး နံပါတ်(၁) နေရာကို ရောက်နေတာ ဖြစ်ပါတယ်။ 

Photo: Mi Sandi

ဖြိုးပြည့်စုံနဲ့ မိစန္ဒီတို့ သီဆိုထားကြတဲ့ " Go Away Corona" သီချင်းလေးကတော့ JOOX App မှာ ပရိသတ်အားပေးမှု အများဆုံး ရရှိပြီး နံပါတ်(၁) နေရာကို ရောက်ရှိလာခဲ့ပြီလို့ သိရပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်ပြီး မိစန္ဒီက ယခုလို ပြောပြထားပါသေးတယ်။

"မိစန္ဒီ နဲ့ ကိုဖြိုးပြည့်စုံတို့အတူ သီဆိုထားတဲ့ "Go Away Corona" သီချင်းလေး JOOX မှာ No.1 ရခဲ့တဲ့အတွက် အရမ်းကို ပျော်ပါတယ်။ ဒီသီချင်းဟာ ခါတိုင်းသီချင်းတွေလို မဟုတ်ဘဲ Corona နဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေအတွက် အကျိုးရှိစေတဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို သီဆိုထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးကို ရပ်ကွက်တွေ၊ ကျန်းမာရေးဌာနတွေ သာမက နေရာတိုင်းမှာ ကြားရတဲ့အတွက်လည်း အရမ်းကို ဝမ်းသာပါတယ်။ ဒီသီချင်း‌လေးကို ပရိသတ်တွေ လက်ထဲ အမြန်ဆုံးရောက်ရှိဖို့အတွက် ကြိုးပမ်းခဲ့ရပြီး အချိန်တိုလေးအတွင်းမှာပဲ ဒီသီချင်းလေးကို မြန်မြန်ဆန်ဆန်လေး ပြုလုပ်ခဲ့ရတယ်။ ပြီးတော့ ဒီသီချင်းလေး ထွက်ရှိလာတဲ့အခါမှာလည်း ပရိသတ်တို့လက်ထဲကို ထင်ထားတာထက် မြန်မြန်ဆန်ဆန် ရောက်ရှိ ပျံ့နှံ့သွားတဲ့အတွက် ပိုပြီးတော့ ဝမ်းသာပါတယ်။" ဆိုပြီးတော့ မေလ (၁၂) ရက်နေ့ မနက် (၁၀) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Mi Sandi

မိစန္ဒီဟာ COVID-19 ကာလမှာ ဒီသီချင်းလေးကို ဆိုခဲ့ရတဲ့အတွက်လည်း ကျေနပ်မိပါတယ်တဲ့။ သူမရဲ့ Rap အပိုင်းလေးကိုလည်း ညတွင်းချင်း အပြေးအလွှား အသံသွားသွင်းခဲ့ရတာကတော့ မမေ့နိုင်တဲ့ အမှတ်တရ တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူမရဲ့ သီချင်းလေးကို အခုလို ကောင်းမွန်စေဖို့ ပံ့ပိုးပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်စကား ပြောထားပါသေးတယ်။ 

"ယခုလိုမျိုး ပရိသတ်ကြီးတို့ အတွက် အကျိုးရှိစေတဲ့ ဒီသီချင်းလေးကို မိစန္ဒီသီဆိုဖို့ နဲ့ မိစန္ဒီဆိုမဲ့ Rap အပိုဒ်လေးကိုပါ ကိုယ်တိုင်ရေးသားဖို့အတွက် ကမ်းလှမ်းခဲ့တဲ့ On Doctor Up က ဒေါက်တာကိုထက်ဇံရယ်၊ ဒီသီချင်းကို ရေးပေးခဲ့တဲ့ ဒေါက်တာဖြိုးဝေလင်းရယ်၊ ဒီသီချင်းကို အမြန်ဆုံး တီးခတ်ပေးတဲ့ ကိုသားသား၊ အတွဲညီညီသီဆိုပေးတဲ့ ကိုဖြိုးပြည့်စုံနှင့်တကွ ပြည်သူတွေကြားမှာ ထဲထဲဝင်ဝင်ပျံ့နှံ့သွားအောင် အားလုံးပူး‌ပေါင်း လုပ်ဆောင်ပေးကြတဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ On Doctor Up နှင့် နားဆင်တဲ့ ပြည်သူတွေကိုပါ အရမ်းကို ကျေးဇူးတင်ပါတယ်။ ဒီသီချင်းလေးကအတိုင်း ဆောင်ရန်၊ ရှောင်ရန်တို့ကို လိုက်နာပြီး မိမိက‌စ ကာကွယ်ကြရ‌ ‌အောင်‌နော်"လို့လည်း ဆက်လက် ပြောပြထားပါသေးတယ်။ 

Photo: Mi Sandi

Go Away Corona သီချင်းလေးကိုတော့ မတ်လ အတွင်းကစပြီး ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ သီချင်းလည်း ဖြစ်သလို ဒီသီချင်းလေးနဲ့ Tik Tok ရိုက်ထားတဲ့ အနုပညာရှင်တွေ၊ ပရိသတ်တွေလည်း အများကြီးပါပဲ။ Go Away Corona သီချင်းလေးကို JOOX App၊ You Tube နဲ့ Facebook စာမျက်နှာတွေမှာပါ နားဆင်နိုင်တာကိုလည်း တွေ့ရပါတယ်။ COVID-19 ကာလမှာ လူတိုင်း မဖြစ်မနေ အလုပ်လုပ်နေကြရသူတွေ အတွက်လည်း ခွန်အားဖြစ်စေမယ့် သီချင်း အသစ်လေးတစ်ပုဒ် ထွက်လာဖို့ရှိသေးတယ်လို့လည်း သိရပါတယ်။ 

Photo: Mi Sandi

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး၊ သတ္တိခဲ စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က