သူမရဲ့ သီချင်းဟောင်းလေး တစ်ပုဒ်ကိုလည်း မကြာခင် JOOX ကနေ နားဆင်ရတော့မှာပါ။
Sabal Thwin

စန္ဒီမြင့်လွင်ကတော့ COVID-19 ကာလကြီး ပြီးတာနဲ့ ဆိုဖီယာနဲ့ အတူတွဲဆိုထားတဲ့ အခွေအသစ် ထွက်လာဖို့ရှိတယ်လို့ ဆိုပါတယ်။ 

Photo: Sandi Myint Lwin

အဆိုတော် စန္ဒီမြင့်လွင်ကတော့ အဆိုတော် ဆိုဖီယာနဲ့ အတူတူ ဆိုထားတဲ့ အခွေ အသစ်လေး ထွက်လာဖို့ရှိတယ်လို့ဆိုပါတယ်။ COVID-19 ကာလ ပြီးသွားရင် ဒီအခွေလေးကို ပရိသတ်လက်ထဲ အရောက်ပို့ပေးတော့မယ်လို့ သူက ပြောပါတယ်။ 

"မင်္ဂလာပါ။ ပထမက ဒီးဒီနဲ့ ဆိုဖီယာနဲ့ တူတူလုပ်ထားတဲ့ နှစ်ယောက်တွဲ အခွေသစ်ကို ခု မေလတစ်ရက်နေ့မှာ ထွက်မယ်ဆိုပြီး စီစဉ်ထားတာပါ။ အားလုံးလည်း ပြီးနေပါပြီ။ပရိသတ်လက်ထဲကို ထည့်ပေးဖို့ပဲ ကျန်တော့တာပါ။ဒါပေမယ့် ကမ္ဘာကြီးနေမကောင်းတဲ့အချိန် အခက်အခဲ အမျိုးမျိုးတွေကြောင့် အခွေသစ်ထွက်မယ့်ရက်ကို အားလုံးနဲ့တိုင်ပင်ပြီး ခဏရပ်ထားရပါတယ် ။ ကိုဗစ်ကာလပြီးတာနဲ့ အမြန်ဆုံး ပရိသတ်လက်ထဲကို ထည့်ပေးမှာပါ" ဆိုပြီးတော့ မေလ ၂၁ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာပါ။ 

Photo: Sandi Myint Lwin

စန္ဒီမြင့်လွင်ဟာ Stay Home ကာလဖြစ်တာကြောင့် အိမ်မှာနေနေကြတဲ့ ပရိသတ်တွေကိုလည်း သူမရဲ့ သီချင်းဟောင်းလေးတွေထဲက တစ်ပုဒ်ကို ပုံစံ အသစ်ပြောင်းပြီး သီဆိုသွားဖို့ရှိတယ်လို့ ပြောပါတယ်။ 

"အခွေသစ် မထွက်ခင်မှာလည်း ဒီးဒီက ချစ်တဲ့ပရိသတ်ကြီးကို သီချင်းတွေ ဆိုပြနေချင်သေးတာကြောင့် ဒီရက်ထဲမှာ Joox ကနေပြီး ဒီးဒီရဲ့ သီချင်းလေးတစ်ပုဒ် နားထောင်ရပါမယ်နော်။

ဒီးဒီရဲ့ ဆိုဖူးခဲ့တဲ့ သီချင်းတွေထဲကမှ သီချင်းအေးအေးလေး တစ်ပုဒ်ကို Unplugged ပြန်ဆိုထားတာလေးရှိပါတယ် ။ မိုးအေးအေးလေးနဲ့ Lock down ကာလမှာ ပရိတ်သတ် feel လို့ကောင်းမယ့် သီချင်းလေးဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒီးဒီရဲ့ ပရိသတ်အစစ်တွေကတော့ အဲသီချင်းလေးကို တီးလုံးလေးစကြားတာနဲ့ကို တန်းမှတ်မိကြမှာပါ။ ကဲ..... ဘာသီချင်းလေး ဖြစ်မလဲ ခန့်မှန်းလိုက်ရအောင် ။ အခွေသစ်မထွက်ခင် နားထောင်ရမှာနော်။ Are You Ready..........????" ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Sandi Myint Lwin

ဆိုဖီယာနဲ့ စန္ဒီမြင့်လွင်တို့ အတူတွဲသီဆိုထားခဲ့ကြတဲ့ ပထမဆုံးသီချင်းက I.D.F.C ဆိုတဲ့ သီချင်း ဖြစ်ပါတယ်။ ဒီသီချင်းကလည်း LGBT ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။ စန္ဒီမြင့်လွင်ကလည်း တစ်ကိုယ်တော်အခွေပေါင်းများစွာ ထွက်ရှိထားသလို ဆိုဖီယာကလည်း တစ်ကိုယ်တော်အခွေ တစ်ခွေနဲ့ ကိုယ်ပိုင်သီချင်းများစွာတို့ ထွက်ရှိပြီးသားသူ တစ်ယောက်ဖြစ်ပါတယ်။ 

Photo: Sandi Myint Lwin

စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး တစ်ယောက်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း Queen ၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ သူမဟာ သမီးလေးနဲ့ ပတ်သက်တဲ့ သီချင်းလည်း ဆိုဖို့ရှိသေးတယ်လို့မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က