ကျန်းမာရေးကို ရှေးရှုပြီးတော့ ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

The Vocie Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲကြီးကို COVID-19 ရောဂါကာကွယ်ခြင်းဖြင့် ရိုက်ကူးရေးတွေ ခဏ နားထားလိုက်ပြီလို့ သိရပါတယ်။ 

Photo: The Voice Myanmar



ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ The Voice Myanmar (Season 3) ထုတ်လွှင့်မှုကို COVID-19 ရောဂါ ကူးစက်မှု မပြန့်ပွားရေးအတွက် ယာယီရပ်ဆိုင်းထားလိုက်ပြီလို့ သိရပါတယ်။ 

"အသိပေးကြေညာခြင်းပြည်သူများ၏ကျန်းမာရေးကိုရှေးရှု၍ ပရိသတ်များစွာပါဝင်ကာရိုက်ကူးတင်ဆက်လျှက်ရှိသော The Voice Myanmar (Season-3) ထုတ်လွှင့်မှု အစီအစဉ်အား ခေတ္တခဏ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်းနှင့် ပြန်လည်ထုတ်လွှင့်တင်ဆက်မည့်ရက်ကို အသိပေးကြေညာ သွားမည်ဖြစ်ကြောင်း ပရိသတ်ကြီးအား လေးစားစွာတင်ပြအပ်ပါသည်။ ထိုကဲ့သို့ The Voice Myanmar (Season 3) ထုတ်လုပ်မှု အစီအစဉ် ဆိုင်းငံ့ထားရခြင်းကြောင့် အစဉ်တစိုက် အားပေးခဲ့ကြသော ပရိသတ်များအား အနူးအညွတ်တောင်းပန်အပ်ပါသည်" ဆိုပြီးတော့ မတ်လ ၂၅ ရက်နေ့ ညနေ ၅ နာရီကျော်က The Voice Myanmar Facebook Page မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။ 

Photo: The Voice Myanmar

The Voice Myanmar (Season-3) မှာတော့ အဆိုတော် အာဇာနည်၊ ရန်ရန်ချမ်း၊ ကျားပေါက် နဲ့ နီနီခင်ဇော်တို့က အကဲဖြတ်ဒိုင်တွေအဖြစ် ပါဝင်ဆောင်ရွက်နေတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ အသံ သီးသန့်စစ်ဆေးမှု လုပ်နေတာဖြစ်ပြီး အကဲဖြတ်ဒိုင်တွေ က ရွေးချယ်မယ့် အဆိုရှင်တွေကသာ The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲ မှာ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ 

Photo: The Voice Myanmar

ဒီပြိုင်ပွဲဟာ The Voice ရဲ့ တရားဝင်ခွင့်ပြုချက်ဖြင့် MRTV-4 နဲ့ Forever BEC-Tero တို့ပူးပေါင်းပြီး ကျင်းပတဲ့ပွဲ ဖြစ်ပါတယ်။ The Voice Myanmar သီချင်းဆို ပြိုင်ပွဲကတော့ Season 1 မှာကတည်းက ပရိသတ်အားပေးမှု ရရှိခဲ့ပြီး Season 1 ရဲ့ Winner ကို အဆိုတော် လင်းလင်းရဲ့အဖွဲ့ဝင် ငွေစိုးက ရရှိသွားခဲ့ပါတယ်။ Season(2) မှာတော့ ကျားပေါက်ရဲ့ အဖွဲ့ဝင်ဖြစ်သူ နိုဗန်ထူးက ရရှိခဲ့တာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က