ကိုယ်ခံအားကောင်းဖို့ အရေးကြီးပါတယ်။

အောင်ရင်ဟာ အင်္ဂလန်နိုင်ငံမှာ နေထိုင်ရင်း COVID-19 ကူးစက်ခံခဲ့ရတာဖြစ်ပြီး လက်ရှိ ကျန်းမာရေး အခြေအနေကို အခုလို ပြောပြလာပါတယ်။ 

Photo: Aung Yin



အဆိုတော် အောင်ရင်ကတော့ COVID-19 ကူးစက်ခံနေရတဲ့ အခြေအနေကနေ ပြန်ပြီး သက်သာလာပြီလို့ ဆိုပါတယ်။ စောင့်ကြည့်(၁၄) ရက်အခြေအနေမှာ ကြုံခဲ့ရတဲ့ အရာတွေကို သူကအခုလို ပြောပြလာပါတယ်။ 

"မင်္ဂလာပါ။ ကိုဗစ်လား ငဗစ်လားမသိပါဘူး။ ကျွန်တော်နေမကောင်းတော့ ဘိလပ်က သူငယ်ချင်းဆရာဝန်က Covid 19 ကူးစက် ခံရတဲ့ လက္ခဏာပြနေတယ်ပြောပါတယ်။ အင်္ဂလန်မှာ ဒီလက္ခဏာပြပေမယ့် အိမ်မှာပဲနေရတယ်။ Test လုပ်မှသာလျှင် Positive လား ၊ Negative လားသိနိုင်ပါမယ်။ ဒီမှာက ဆေးရုံတက်ရတဲ့သူပဲ Test လုပ်ပေးပါတယ်။ ဆေးရုံကိုလည်းအသက်ရှုရတာခက်တဲ့လူနာမှသာလက်ခံပြီးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်နေကောင်းပါပြီ။ ဆုတောင်းမေတ္တာပို့သပေးသူများအားလုံးကျေးဇူးတင် ရှိပါတယ်" ဆိုပြီးတော့ ဧပြီလ ၃ ရက်နေ့ မနက် ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

Photo: Aung Yin

အောင်ရင်ဟာ မတ်လ ၂၃ ရက်နေ့က သူ့မှာ COVID-19 ကူးစက်ခံနေရပြီဖြစ်လို့ သူ့ရဲ့ မိသားစုကို စိတ်ပူမိတယ်လို့ ဆိုပါတယ်။ COVID-19 ရောဂါပိုးဟာ တစ်ကမ္ဘာလုံးမှာ ပြန့်နှံ့နေတာဖြစ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ သားဖြစ်သူ မိုးအောင်ရင်ကိုလည်း စိတ်ပူနေမိတယ်လို့ သူက ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာလည်း COVID-19 ကူးစက် ခံနေရသူ အယောက် ၂၀ ရှိနေပြီဖြစ်ပါတယ်။ 

Photo: Aung Yin

COVID-19 ကြောင့် (၁၄) ရက်အကြာ ဆေးကုသမှု ခံယူနေချိန်မှာလည်း အားရှိတဲ့ အစားအသောက်တွေ အမြဲစားတယ်လို့ အောင်ရင်က ပြောပါတယ်။ COVID-19ရောဂါ အတွက် မစိုးရိမ်ကြဖို့ကိုလည်း အခုလို ပြောပြလာပါသေးတယ်။ 

"ပါရာစီတမော ၂ လုံး ၄ ကြိမ်နဲ့ ၁၂ ရက်၊ မနက်တိုင်း Vitamin C တလုံးသောက်ပါတယ်။ ဘိလပ်က ကျွန်တော့်ရဲ့ သူငယ်ချင်းဆရာဝန် ၃ ယောက်ဟာလည်း Corona Virus ကြောင့်နေမကောင်းဖြစ်တာ အိမ်မှာ ၂ ပါတ် self quarantine လုပ်ပြီးပြန်ကောင်းတာတွေ့ရလို့ အမျိုးတွေကိုလည်း သိပ်ပြီး အကြောက်မလွန်ဖို့ ပြောချင်ပါတယ်။ ကိုယ်ခံအားကောင်းဖို့သာဂရုစိုက်ကြပါ။ ကျွန်တော့်ကိုလည်း ကိုယ်ခံအားကောင်းဖို့ယခုလိုချက်ပြုတ်ကျွေးတဲ့ ဒေါ်မိုးကိုလည်း ကျေးဇူးတင်ပါတယ်ဗျ" ဆိုပြီးတော့ ဆက်လက် ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Aung Yin

အောင်ရင်ကတော့ ဂီတလောကမှာ အောင်မြင်နေတဲ့ ဝါရင့်အဆိုတော်ကြီးတစ်ယောက်ဖြစ်ပါတယ်။ တစ်ကိုယ်တိုင် အခွေတွေလည်း အများကြီးထွက်ခဲ့ဖူးသလို သူ့ရဲ့ ကိုယ်ပိုင်သီချင်းတစ်ပုဒ်ချင်းစီတိုင်းကလည်း အောင်မြင်ခဲ့တာတွေအများကြီးပါ။ အခုလက်ရှိမှာတေော့ အမေရိက မှာ အခြေချနေထိုင်နေတာ တွေ့ရပါတယ်။ သူ့ရဲ့ အနုပညာမျိုးဆက်တစ်ဦးဖြစ်တဲ့ မိုးအောင်ရင်ကတော့ ဂီတအပိုင်းကို ဝါသနာနည်းပေမယ့် သရုပ်ဆောင်ဘက်ကိုတော့ တစိုက်မတ်မတ် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က