မိသားစုတွေကို စိတ်ပူနေပါတယ်တဲ့။

အောင်ရင်ဟာ COVID-19 ကူးစက်ခံနေရတာဖြစ်ပြီး ကျန်းမာရေးမကောင်းတဲ့ သမီးလေးနဲ့မြန်မာနိုင်ငံမှာရှိတဲ့ သားကို စိတ်ပူမိတဲ့အကြောင်း ရင်ဖွင့်လာပါတယ်။ 

Photo: Aung Yin



အဆိုတော် အောင်ရင်ကတော့ လက်ရှိ အင်္ဂလန်နိုင်ငံမှာ COVID-19 ကူးစက်ခံနေရတယ်လို့ သိရပါတယ်။ မိသားစု အတွက်လည်း အရမ်းစိတ်ပူနေရတယ်လို့ အခုလို ရင်ဖွင့်ပြောပြလာပါတယ်။ 

"စိတ်တော့ပူတာပေါ့ မတတ်နိုင်ဘူးလေ။ ရန်ကုန်ပြန်ဖို့လုပ်ထားတာလဲမပြန်ဖြစ် သားကိုလည်းစိတ်ပူ ကိုယ်တိုင်ကလည်း နေမကောင်း ( Covid 19 လို့ပြောတာပဲ )။ သမီးကလက်ကျိုးသွားလို့ကျောက်ပတ်တီးနဲ့မတတ်နိုင် ပါဘူး။ ညစ်ညစ်နဲ့ မိသားစုပုံတွေ ပြန်ကြည့်နေရင်း.." ဆိုပြီးတော့ မတ်လ ၂၃ ရက်နေ့က အောင်ရင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Aung Yin

မြန်မာနိုင်ငံအတွင်းမှာလည်း COVID-19 ကူးစက်ခံရသူ (၈) ဦး တွေ့ရှိထားပြီးဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါကြောင့် လူစု လူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ Star Awards ဆုချီးမြှင့်ပွဲ၊ Sai Sai Birthday Show အပြင် နောက်ထပ် ဂီတ ဖျော်ဖြေပွဲများ၊ စာနယ်ဇင်းမိတ်ဆက်ပွဲတွေလည်း ရက်တွေ ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲများ၊ ရှင်ပြု အလှူများ နဲ့ လူစုလူဝေးဖြစ်စေမယ့် အရာမှန်သမျှကိုလည်း မကျင်းပဖို့ သက်ဆိုင်ရာက တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။ အနုပညာရှင်များ အနေနဲ့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတယ်လို့ ပြောလာပါတယ်။  

Photo: Aung Yin

အောင်ရင်ကတော့ ဂီတလောကမှာ အောင်မြင်နေတဲ့ ဝါရင့်အဆိုတော်ကြီးတစ်ယောက်ဖြစ်ပါတယ်။ တစ်ကိုယ်တိုင် အခွေတွေလည်း အများကြီးထွက်ခဲ့ဖူးသလို သူ့ရဲ့ ကိုယ်ပိုင်သီချင်းတစ်ပုဒ်ချင်းစီတိုင်းကလည်း အောင်မြင်ခဲ့တာတွေအများကြီးပါ။ အခုလက်ရှိမှာတေော့ အမေရိက မှာ အခြေချနေထိုင်နေတာ တွေ့ရပါတယ်။ သူ့ရဲ့ အနုပညာမျိုးဆက်တစ်ဦးဖြစ်တဲ့ မိုးအောင်ရင်ကတော့ ဂီတအပိုင်းကို ဝါသနာနည်းပေမယ့် သရုပ်ဆောင်ဘက်ကိုတော့ တစိုက်မတ်မတ် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က