INYA LAKE HOTEL မှာ Quarantine ဝင်နေတယ်လို့ သိရပါတယ်။

နိုင်းနိုင်းကတော့ Covid ကာကွယ်ရေး အနေနဲ့ Quarantine ဝင်ပြီး တစ်ပတ်အကြာမှာ ဆေးစစ်ချက်အဖြေထွက်လာခဲ့တာလို့ သိရပါတယ်။ 

Photo: Nine Nine



သရုပ်ဆောင် နိုင်းနိုင်းကတော့ စက်တင်ဘာလ (၂) ရက်နေ့တုန်းက အမေရိကားမှာရှိတဲ့ မိသားစုလေးဆီက ပြန်လာပြီး ချက်ချင်း INYA LAKE HOTEL မှာ Quarantine ဝင်ခဲ့တာဖြစ်ပါတယ်။ Quarantine ဝင်ပြီး တစ်ပတ် အကြာမှာ ဆေးစစ်ချက်အဖြေထွက်လာပြီလို့ နိုင်းနိုင်းက ဆိုပါတယ်။ 

"Covid ဆေးစစ်ချက် ဒီနေ့အဖြေထွက်ပါတယ်။ Negativeဖြစ်ပါတယ်။ ကိုယ်ကျိုးကို မငဲ့ပဲ အများအကျိုးသယ်ပိုးနေသော ကျန်းမာရေး ဝန်ထမ်းများကိုအထူးကျေးဇူးတင်ပါကြောင်း၊ ကျနော့်ကို လိုလေသေးမရှိ အစစ အရာရာ ကူညီပေးကြသော INYA LAKE HOTEL မှ Front office Team ကို အထူးကျေးဇူးတင်ပါတယ်။ ချစ်သောပရိသတ်များလည်း Covid ရောဂါ ကင်းဝေးကြပါစေ။ မှတ်ချက်။  ။ဘယ်သွားသွား ဘာလုပ်လုပ် MASK ကိုတပ်ပြီး လက်အိတ်လေးတော့စွတ်သွားကြပါ။ လက်ကို စင်အောင်ဆေးပါခင်ဗျ" ဆိုပြီးတော့ စက်တင်ဘာလ(၉) ရက်နေ့ ညပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Nine Nine

နိုင်းနိုင်းဟာ မိသားစုတွေနဲ့အတူ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ နေထိုင်လေ့ရှိပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးနဲ့ အခြား အနုပညာနဲ့ ဆက်နွယ်တဲ့ အလုပ်ကိစ္စတွေရှိမှသာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ နိုင်းနိုင်းဟာ မိသားစုနဲ့ အတူတူရှိခဲ့စဉ်က သာယာအေးချမ်း တိတ်ဆိတ်တဲ့နေရာလေးတွေကို လျှောက်လည်ခဲ့ကြတာတွေ့ရပါတယ်။ အဲဒီနောက် သားဖြစ်သူရဲ့ အသက်(၉) နှစ်ပြည့် မွေးနေ့ပွဲလေးလည်း လုပ်ခဲ့သလို မိသားစု အတူတူ အာရုံဆွမ်းကပ် ကုသိုလ်အလှူပြုခဲ့တာကိုလည်း တွေ့ရပါတယ်။ 

Photo: Nine Nine

နိုင်းနိုင်းရဲ့ အနုပညာသက်တမ်း အနှစ် ၂၀ကျော်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူ့ကိုတော့ Music Video တွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ် စတင်သိရှိခဲ့တာပါ။ အနုပညာသက်တမ်းကြာလာတာနဲ့အမျှ ပရိသတ်များစွာတို့ရဲ့ အားပေးမှုကြောင့် အောင်မြင်မှုတစ်ခု ရရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၁ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သမီး ၃ ယောက်၊ သားတစ်ယောက် တို့ရဲ့ ဖေဖေ ဖြစ်လို့နေပါပြီ။ နိုင်းနိုင်းဟာ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ၊ ဂျာနယ် နဲ့ သတင်းစာ မျက်နှာဖုံးတွေကနေတဆင့် ပရိသတ်တွေ သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ရှိပြီဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က