ဒီဇင်ဘာလမှာတော့ မင်္ဂလာဆောင်တော့မယ်လို့ ဆိုပါတယ်။

နိုင်းဝမ်းကတော့ သူ့ရဲ့ ချစ်သူလေး မမေမျိုးသူကျော်နဲ့ ဒီဇင်ဘာလ (၉) ရက်နေ့မှာ လက်ထပ်တော့မယ်လို့ဆိုပါတယ်။ 

Photo: Nine One



အဆိုတော်နိုင်းဝမ်းကတော့ ချစ်သူသက်တမ်း(၁၁) နှစ်အကြာ လက်တွဲလာတဲ့ ချစ်သူလေး မမေမျိုးသူကျော်နဲ့ ဒီဇင်ဘာလ အတွင်းမှာ လက်ထပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ မေလ အတွင်းမှာ မင်္ဂလာဧည့်ခံပွဲ လုပ်ဖို့ စီစဉ်ထားပေမယ့် Covid ကြောင့် ရက်ရွှေ့လိုက်ရတာပါတဲ့။ 

" ကိုဗစ်ဝင်မွှေတာ ခုချိန်ထိမရပ်သေးတာကြောင့် ကျွန်တော်တို့ရဲ့မင်္ဂလာပွဲရက်ကို နောက်နဲနဲလေးဆုတ်ပါမယ်နော်။ ကိုးဂဏန်းသမားတွေဖြစ်တဲ့ 9one နဲ့ May Myo Thu Kyaw ရဲ့ မင်္ဂလာဧည့်ခံပွဲကို “9 May” ၉.၅.၂၀၂၁ မှာကျင်းပဖို့စဉ်းစားထားပါတယ်။ ပထမအစီအစဉ်ဖြစ်တဲ့ ဒီဇင်ဘာ ၉ရက် အမျိုးသားနေ့မှာတော့ တရားဝင်လက်မှတ်ရေးထိုးလက်ထပ်ပါမယ်ခင်ဗျ" ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Nine One

ဟန်းနီးမွန်း ခရီးစဉ်ကိုတောင် နှစ်ဖက်မိသားစုတွေနဲ့ အတူတူ ထွက်မယ်လို့ ဇွန်လ (၂၆) ရက်နေ့က နိုင်းဝမ်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ဖူးပါတယ်။ နိုင်းဝမ်းဟာ ချစ်သူလေးနဲ့ တွေ့ဆုံခဲ့တာ ၂၀၀၉ ခုနှစ်၊ ၉ လပိုင်း၊ ၇ ရက်နေ့ ကတည်းက ချစ်သူ စဖြစ်ခဲ့တာလို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ နိုင်းဝမ်းကတော့ ချစ်သူနဲ့ ဝေးသွားရင် သာသနာ့ဘောင်ထဲ အပြီးဝင်ဖို့တောင် ဆုံးဖြတ်ထားတယ်လို့ ပြောပြခဲ့ပါသေးတယ်။ အခုဆိုရင်တော့ သူတို့နှစ်ယောက်ရဲ့ ချစ်သူ သက်တမ်းက (၁၁) နှစ်ရှိလာခဲ့ပါပြီ။ 

Photo: Nine One

နိုင်းဝမ်း(Nine One)ဟာ ဂီတလောကထဲကို ၂၀၀၂ ခုနှစ်လောက်က စတင်ဝင်ရောက်လာပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ ယခုလက်ရှိမှာ သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ နိုင်းဝမ်းဟာ ချစ်သူနဲ့လည်း ခရီးတွေ ဆက်တိုက်ထွက်ဖြစ်သလို ပရဟိတအလုပ်တွေ ကုသိုလ်ရေးတွေကိုလည်း အရင်ကထက် ပိုပြီး လုပ်ကိုင် လာသူလည်း ဖြစ်ပါတယ်။ နိုင်းဝမ်းဟာ နင်သာရှိရင် သီချင်းနဲ့လည်း ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကိုလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က