မွေးနေ့မှာ သူ့ရဲ့ ခံစားချက်ကို အခုလို ပြောပြလာပါတယ်။
Sabal Thwin

နန်းဆုရတီစိုးကတော့ စက်တင်ဘာလ(၁၈) ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ အမှတ်တရလေးကို အခုလို ပြောပြလာပါတယ်။ 

စက်တင်ဘာလ(၁၈) ရက်နေ့ကတော့ သရုပ်ဆောင်၊ အဆိုတော် နန်းဆုရတီစိုးရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူမဟာ မွေးနေ့ နှစ်တိုင်းမှာ ပရိသတ်တွေ၊ မိတ်ဆွေတွေနဲ့ အတူတူ အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းခဲ့ပေမယ့် ဒီနှစ်မွေးနေ့ကိုတော့ အိမ်မှာနေရင်း ဖြတ်သန်းသွားတော့မယ်လို့ ဆိုပါတယ်။ 

" မွေးနေ့......အရင်ဆို ပရိသတ်တွေ မိသားစုတွေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အလှူလုပ်ကြ ပျော်ပျော်ရွှင်ရွှင်ကစားကြ စားကြနဲ့ ဖြတ်သန်းခဲ့တာ ဒီနှစ်မွေးနေ့တော့ stay home ဆိုတော့ အိမ်မှာ မိသားစုနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်။ မွေးနေ့ဆုတောင်းပေးကြသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ချစ်ရတဲ့သူတွေအားလုံး စိတ်ချမ်းသာကျန်းမာပြီး ကပ်ရောဂါဆိုးကြီးကနေ ကင်းလွတ်ကြပါစေလို့ နန်းဆုက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင့်။ အားလုံးကို ချစ်တဲ့ .. နန်းဆု" ဆိုပြီးတော့ စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ် (၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Zaw Myo Htet

နန်းဆုရတီစိုးရဲ့ အနုပညာသက်တမ်းကတော့ ဆယ်စုနှစ် တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ သူမကိုတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ သူမဟာ တီဗီကြော်ငြာတွေ ၊ မဂ္ဂဇင်းကာဗာတွေမှာလည်း ဒီနေ့အချိန်ထိ ပါဝင်နေရတဲ့ မင်းသမီးချောတစ်ယောက်ပါ။ အခုလက်ရှိမှာတော့ ဂီတလမ်းကြောင်းပေါ်မှာ သီချင်းတွေနဲ့ ပျော်မွေ့နေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိထားတာ တွေ့ရပါသေးတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ နန်းဆုရဲ့ အနုပညာအလုပ်တွေတိုင်းကို အမြဲ အားပေးနေကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းဆုရတီစိုးဟာ ဂီတအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က