ဇာတ်ကားရိုက်ကူးရေးတွေကို ခွင့်ပြုလိုက်ပါပြီ။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားနဲ့ ရုပ်သံဇာတ်လမ်းတွဲ တွေကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြန်လည် ရိုက်ကူးခွင့်ရပြီဆိုတာကို ဒီနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Photo: MMPO



ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးခွင့်ရပြီဆိုတာကို ဇူလိုင်လ (၂၇) ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ တရားဝင် ဖေ့စ်ဘွတ်ပေ့ချ်ကနေတဆင့် ကြေညာခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲများ ပြန်လည်ရိုက်ကူးရာမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာန တို့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ပေးပို့လာတဲ့ ထုတ်ပြန်စာထဲမှာ သေချာဖော်ပြထား တာတွေ့ရပါတယ်။

ရိုက်ကူးရေးတွေ ပြန်လည်လုပ်ကိုင်သွားမယ့် အနုပညာလောကသားများအနေနဲ့ ဇူလိုင်(၁၃) ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနနဲ့ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လုပ်ငန်းလမ်းညွှန်၊ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေထဲကမှ ရိုက်ကွင်းမှာ ပါဝင်သွားမယ့် လူဦးရေ နဲ့ ကျန်းမာရေး စစ်ဆေးမှုများ၊ ကျန်းမာရေး မကောင်းတဲ့ မိသားစုဝင်တစ်ဦးနဲ့ အတူနေထိုင်တဲ့ သရုပ်ဆောင် ရှိမရှိ၊ ဇာတ်ကားအတွင်းမှာ ပါဝင်သွားမယ့် သရုပ်ဆောင်များရဲ့ ကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းများ၊ Mask များကို စနစ်တကျစွန့်ပစ်ဖို့ နဲ့ သရုပ်ဆောင်များကို ပိုးသတ်ဆေးဖြန်းဖို့ စတာတွေကို ရိုက်ကွင်းတာဝန်ခံက မဖြစ်မနေ မှတ်တမ်း ထားရှိရမယ်လို့ အဆိုပါ စည်းကမ်းလမ်းညွှန်ချက်စာအုပ်ထဲမှာ ဖော်ပြထားတယ်လို့ ဦးညီညီထွန်းလွင်က Duwun ကို ပြောပါတယ်။ 

Photo: MMPO

အဲဒီနောက် ဒါရိုက်တာအနေနဲ့လည်း ဘေးနားမှာ အကာအရံများထားရှိပြီး သရုပ်ဆောင်များကို Hand speaker နဲ့ ညွှန်ကြားဖို့၊ ဇာတ်ကား တစ်ကားမှာ ပါဝင်မယ့် လူအင်အားကိုလည်း အတတ်နိုင်ဆုံး အနည်းဆုံး ရိုက်ကူးဖို့ အပြင် ရှုတင်ထမင်းစားသုံးသူတွေကို တစ်ယောက်စာ ထမင်းဗူးနဲ့ သုံးဆောင်ဖို့ အပြင် ရိုက်ကူးရေး ခဏရပ်နားတဲ့ အချိန်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် (၆) ပေအကွာနေဖို့ စည်းမျဉ်းစည်းကမ်းတွေထား ထားတာတယ်လို့ သိရပါတယ်။ 

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲတွင် ဇာတ်ကားရိုက်ကူးဖို့ ပြင်ဆင်ရာမှာ ကျန်းမာရေးပိုင်းဆိုင်ရာကို လုံခြုံ၊ စိတ်ချဘေးကင်း မှုဖြစ်စေရန်အတွက် လိုအပ်သလို စစ်ဆေးနိုင်ဖို့ ဇာတ်ကား အမည်၊ တစ်ရက်အတွင်းဇာတ်ကား ရိုက်ကူးမည့်ရိုက်ကွင်းနေရာများ၊ ရိုက်ကူးသွားမည့် အချိန် တို့အပြင် ဇာတ်ကားထဲမှာ ပါဝင်သွားမယ့် အနုပညာရှင် လူဦးရေ အတိအကျတို့ကို အနည်းဆုံး အချိန် တစ်ပတ်ခန့်ယူပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲသို့ တင်ပြလာဖို့လိုအပ်ကြောင်းပါရှိပါတယ်။

လက်ရှိမှာလည်း ဒီစည်းကမ်းချက်တွေကို လိုက်နာပြီး ဇာတ်ကားရိုက်ကူးဖို့ စာလာတင်ထားတာမျိုးမရှိသေးဘူးလို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က Duwun ကိုပဲ ဆက်လက်ဖြေဆိုခဲ့တာပါ။ 

Photo: MMPO

COVID-19 ကူးစက်ရောဂါကြောင့် ရပ်နားခဲ့ရတဲ့ ရုပ်ရှင်လုပ်ငန်းတွေပြန်လည် လုပ်ကိုင်ခွင့်ရပြီဖြစ်တဲ့ အတွက် အနုပညာလောကသားများကလည်း ဝမ်းသာပျော်ရွှင်နေကြတာကို Comment ကနေတဆင့် တွေ့ရပါတယ်။ 

အနုပညာလုပ်ငန်းတွေဟာ ၂၀၂၀ ခုနှစ် မတ်လ အစပိုင်းမှာကတည်းက Covid ကြောင့် ဇာတ်ကားများ၊ TV ကြော်ငြာရိုက်ကူးရေးများကို ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ (၄) လအကြာမှာ အနုပညာလောကသားတွေအနေနဲ့ အလုပ်တွေ ပြန်လည်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က