သီချင်းတွေကို တစိုက်မတ်မတ်ပိုလုပ်နေပါတယ်တဲ့။

ရွှေထူးဟာ Covid ကာလအတွင်း ဂီတအလုပ်တွေကိုအရင်ကထက် ပိုလုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

Photo: Htoo Khant



အဆိုတော် ရွှေထူးကတော့ COVID-19 ကာလမှာ သီချင်းအသစ်တွေ လုပ်နေတယ်လို့ဆိုပါတယ်။ Covid ကာလပြီးရင် ထွက်ဖို့ သီချင်း Album လေးတစ်ခု လုပ်နေတဲ့ အကြောင်းကိုလည်း ရွှေထူးက အခုလို ပြောပြလာပါတယ်။ 

"လိုချင်တာတွေထက် လိုအပ်တာကိုဦးစားပေးဖြစ်တယ်။ အကောင်းဘက်ကတွေးရင် ဒီ Covid ကာလက ကိုယ့်ကိုကို ဖြည့်ဖို့အချိန် ပေးလိုက်သလိုပဲ။ ဘာအလုပ်မှမလုပ်ပဲ ကိုယ့်သီချင်းတွေအတွက် ပိုဂရုစိုက်ဖြစ်တယ်။ ဒီ Covid ကာလပြီးရင် အားလုံးသဘောကျမယ့် Album လေးတစ်ခုပေးနိုင်အောင်ကြိုးစားနေပါတယ်ခင်ဗျာ"ဆိုပြီးတော့ ဇွန်လ ၁၁ ရက်နေ့ ညနေ ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးသားထားခဲ့ပါတယ်။ 

Photo: Htoo Khant

ရွှေထူးဟာ သူ့ရဲ့ သီချင်းအသစ်လေးတွေကို အွန်လိုင်းကနေ မကြာခဏ တင်ပေးလေ့ရှိပါတယ်။အရင်တုန်းက ရွှေထူးကို ပရိသတ်တွေ မြင်ရဦးမယ်လို့လည်း သူက ဆိုပါတယ်။ 

"Online တင်ပေးဖြစ်တဲ့ ကျွန်တော်လုပ်ချင်ရာလုပ်ထားတဲ့ Music ပုံစံမျိုးတွေကိုသည်းခံနားဆင်ရင်း Covid ကာလပြီးရင်ထွက်မယ့်အခွေလေးကိုစောင့်မျှော်ပေးကြပါခင်ဗျာ။ စောင့်ရကျိုးနပ်စေ ရပါမယ်။ အရင်ရွှေထူးကို အဲ့အခွေကျပြန်မြင်ရမှာပေါ့ခင်ဗျာ။ အားလုံးဂရုစိုက်ကြပါခင်ဗျာ"ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Halography

ရွှေထူးက လက်ရှိမှာ သူကိုယ်တိုင် သီဆိုထားတဲ့ "မ ဆယ်လီ သား တစ်လီ" သီချင်းလေးကလည်း အောင်မြင်လျှက်ရှိပါတယ်။ အဲဒီနောက် အဆိုတော် နိုင်းဝမ်း၊ အဆိုတော် မင်းမြတ်စိုးစံ တို့နဲ့ အတူ Single ဆိုတဲ့ သီချင်းအသစ်လေး ထွက်ရှိထားပါတယ်။သူ့ကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဂီတနဲ့ပတ်သက်ပြီး ‘’စိတ်ကူးယဉ်စာအုပ်’’ ၊ ‘’I’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ Single Song အသစ်လေးတွေကိုလည်း အွန်လိုင်း စာမျက်နှာပေါ်မှာ တင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ သူဟာ သရုပ်ဆောင်အလုပ်တွေလည်း တစိုက်မတ်မတ်လုပ်ဆောင်လာ တာဖြစ်သလို သီချင်းတွေအသစ်တွေလည်း ကိုယ်တိုင်ဖန်တီးနေတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က