သူမရဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။

ခင်ဘုဏ်းရဲ့ မိခင်ကတော့ အသက်(၇၂) နှစ်ရှိပြီဖြစ်ပြီး Covid Positive ကြောင့် Quarantine ဝင်နေရတဲ့ အကြောင်းတွေကို ခင်ဘုဏ်းက အခုလို ပြောပြလာပါတယ်။ 

Photo: Khin Phone Kyi



အဆိုတော် ခင်ဘုဏ်းကတော့ Covid Positive ကြောင့် ရိုးမအိမ်ယာမှာ Quarantine ဝင်နေရတဲ့ မိခင်ဖြစ်သူရဲ့ အကြောင်းတွေကို အခုလို ပြောပြလာပါတယ်။ မိခင်ဖြစ်သူဟာ ကျန်းမာရေး မကောင်းတဲ့သူ ဖြစ်တာကြောင့် စိုးရိမ်စိတ်တွေ များနေမိတယ်လို့လည်း ခင်ဘုဏ်းက အခုလို ပြောပြလာပါတယ်။ 

" ခင်ဘုဏ်း အမေ (၇၂) နှစ် က မမျှော်လင့်ပဲ Covid positive ဖြစ်လို့ ရိုးမအိမ်ယာ မှာ ရောက်နေပါတယ်။ လူနာထားဖို့ မသင့်တော်တဲ့နေရာမှာ လူနာတွေ စု ထားပြီး ဂရုစိုက်စောင့်ရှောက် မှုလည်းမရှိပါဘူး။ အမေက အသက်ရှုမဝတတ်သူမို့ ပြတင်းပေါက်ဘေးနားမှာ တံခါးဖွင့်ပြီးအိပ်နေရတယ်။ တကယ်ဆို အခြေအနေ မဆိုးတဲ့ Positive ဖြစ်တဲ့သူတွေ Hotel Quarantine ပဲ ဖြစ်ဖြစ်၊ Home Quarantine ပဲဖြစ်ဖြစ် Positive တွေအတွက် Center လုပ်ပြီးထားလိုက်သင့်ပါတယ်။ ဒါဆိုရင် တကယ်အခြေအနေဆိုးပြီး လိုအပ်တဲ့သူတွေကို ပိုပြီးအပြည့်အဝ စောင့်ရှောက် မှုပေးနိုင်မှာပါ။အခြေအနေဆိုးရင်တော့ ဘယ်မှာပဲရောက်ရောက်ဆေးရုံပို့ပေါ့။ လူတွေအများကြီး ကို တာဝန်ယူတာကို တကယ် ကျေးဇူးတင်ပါတယ်။ ခက်ခဲမှာလည်း နားလည်ပါတယ်။ လူအများကြီး ကို ကျွေးရတာမို့ အခက်အခဲဖြစ်တာလည်း နားလည်ပါတယ်။ ညနေလေးနာရီထိ နေ့လည်စာထမင်းရောက် မလာတာ ကတော့ လူနာအတွက် အဆင် မပြေလှပါဘူး" ဆိုပြီးတော့ စက်တင်ဘာလ ၁၆ ရက်နေ့ မနက်(၇) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Khin Phone Kyi

ခင်ဘုဏ်းအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲကြုံနေရတဲ့ မိခင်ဖြစ်သူအတွက် Quarantine ထားတဲ့ နေရာကို ရွှေ့ပြောင်းပေးစေချင်တယ်လို့ ဆိုပါတယ်။ သူမဟာ လက်ရှိ ပြည်ပမှာ နေထိုင်တဲ့သူဖြစ်တာကြောင့် အိပ်မပျော်ရလောက်တဲ့အထိကို စိတ်ပူနေတယ်လို့ ဆိုပါတယ်။ 

"အမေက ဆီးချိုရောဂါ အခံရှိတဲ့ သူမို့ စိတ်ပူရတဲ့အထဲ ထမင်းချိန်မမှန်၊ ဆေးတိုက် မယ့်သူ အဖျားတိုင်းပေးမယ့်သူတောင်မရှိ၊ နေရတာ နေရာထိုင်ခင်းအဆင်မပြေနဲ့မို့ရောဂါထပ်ရမှာလည်း စိတ်ပူရ၊ လေစိမ်းတွေမိပြီး ဖျားမှာလည်းပူရ၊ အစာအချိန်မှန်မှန် မပို့လို့ အစားမဝင်ရင် ဆီးချိုကျပြီး ဒုက္ခများပါတော့မယ်။ အမေ အသက်(၇၀) ကျော်ကို အဝေးကနေပြီး စိတ်တွေပူရလွန်းလို့ ကျွန်မအိပ်လို့တောင်မရဘူး။ သေချာစဉ်းစားပြီး အကောင်းဆုံး အချိန်မှီ ပြင်ဆင်ကြပါလို့ တောင်းပန်ပါတယ်။ ကျွန်မ ရင်တွေနာနေရပါပြီ ။ ရောဂါအခံရှိတဲ့ အသက် (၇၂) နှစ် ကျွန်မ အမေ ကို တစ်နေရာ ပြောင်းပေးကြပါတော့။ပရဟိတ သမားတွေ စေတနာအပြည့်နဲ့ ပင်ပန်းကြမယ်ဆိုတာ နားလည်ပါတယ် လေးစားကျေးဇူးတင်ပါတယ်။ ကျွန်မ အမေအို ကိုဆေးရုံ မှာ ထားမှ စိတ်ချ အဆင်ပြေမှာမို့ပါ" လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Khin Phone Kyi

ခင်ဘုဏ်း ကိုတော့ သင်္ကြန်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ Group Song များစွာမှာလည်း ပါဝင်သီဆိုခဲ့သူဖြစ်ပါတယ်။ ပြည်ပမှာ ခေတ်စားလျှက်ရှိတဲ့ ဂီတေ ရစီးကြောင်း လေးတွေအတိုင်း မြန်မာနိုင်ငံက အဆိုတော်တွေ ကလည်း သီချင်း ပုံစံလေး တွေ ပြောင်းလဲလာတာကြောင့် သူမ ကိုယ်တိုင်လည်း သီချင်းပုံစံတွေ ပြောင်းဆိုဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က