အင်တာဗျူး တစ်ခု ဖြေဆိုခဲ့ရင်း အခုလို ကြုံခဲ့ရတာလို့ ဆိုပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကတော့ Covid Positive မီဒီယာသမား တစ်ဦးနဲ့ အင်တာဗျူး ဖြေခဲ့မိတာကြောင့် ကိုယ်တိုင် ဆေးစစ်ချက် သွားမယ်လို့ သိရပါတယ်။ 

Photo: Min Htin Ko Ko Gyi Fb



ဒါရိုက်တာ မင်းထင်ကိုကိုကြီးကတော့ Covid Positive ဖြစ်သူတစ်ဦးနဲ့ ထိတွေ့ခဲ့တာကြောင့် ဒီနေ့ (စက်တင်ဘာလ ၁၅ ရက်) မှာ ကိုယ်တိုင် ဆေးစစ်ချက်ပြုလုပ်မယ်လို့ သိရပါတယ်။ အဆိုပါ Covid Positive ဖြစ်သူကတော့ သူ့ကို အင်တာဗျူးလာမေးကြတဲ့ မီဒီယာသမား နှစ်ဦးထဲက တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ 

" ၁၀ ရက်နေ့ နေ့လည်ခင်းမှာ သတင်းမီဒီယာတစ်ခုက အင်တာဗျူးကို ကျွန်တော့်အိမ်မှာ လက်ခံခဲ့ပါတယ်။ သူတို့ ၂ ယောက်လာပါတယ်။ mask တပ်ထားကြပါတယ်။ ကျွန်တော့်ကို မေးတဲ့ ၁ ယောက်က mask ပေါ်မှာ face shield လည်း တပ်ထားပါသေးတယ်။ ကျွန်တော်ကလည်း mask နဲ့ပဲ အင်တာဗျူး ဖြေခဲ့ပါတယ်။ ၁၃ ရက်နေ့ကတော့ ကျွန်တော့်ကို မေးတဲ့ ၁ ယောက်က သူ သူ့ကိုယ်သူ သံသယဝင်လို့၊ အနံ့ပျောက်သွားလို့ swab test ယူဖို့ ဆေးရုံရောက်နေကြောင်း Facebook မှာ ရေးတာမြင်လိုက်တယ်။ ၁၄ ရက်နေ့ည ၉ နာရီလောက်မှာတော့ သူ့ Facebook မှာ သူ့ swab test အဖြေ positive ဖြစ်ကြောင်း ရေးထားပါတယ်" ဆိုပြီးတော့ စက်တင်ဘာလ (၁၅) ရက်နေ့မနက်(၅) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Min Htin Ko Ko Gyi Fb

မင်းထင်ကိုကိုကြီ းကတော့ သူ့ရဲ့ လက်ရှိ ကျန်းမာရေးလက္ခဏာ အခြေအနေကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။ 

"ကျွန်တော်ကတော့ ခုထက်ထိ အနံ့မပျောက်သေးပါဘူး၊ မဖျားသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်က သူ့ရဲ့ primary contact ဖြစ်နေပါပြီ။ ဒါကြောင့် swab test ယူဖို့ ဆုံးဖြတ်လိုက်ရတာပါ။ အသိပေးရတာ အားနာပါတယ်။ မင်းထင်ကိုကိုကြီး" လို့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Min Htin Ko Ko Gyi Fb

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ လူ့အခွင့်အရေး အချက် (၃၀) အကြောင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုရုပ်ရှင် (၃၀)ကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။လက်ရှိမှာတော့ မင်းထင်ကိုကိုကြီးဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လက်ရေးမူနဲ့ ရေးသားထားတဲ့ ကဗျာ တစ်ပုဒ်ကို အွန်လိုင်းကနေ တဆင့် လေလံရောင်းချခဲ့ရာမှာတော့ ငွေကျပ်သိန်း(၂၄၀၀) နဲ့ လေလံအောင်ခဲ့တာ ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအောင်နိုင်ရေးမှာ အသုံးပြုဖို့အတွက်လှူဒါန်းမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က