လုံးဝကို amazing နော်။
Ei Ei Myat

ပိုင်တံခွန်အတွက်ကတော့ လုံးဝကို ပျော်စရာကြီးနော်။ သူ Crush နေတဲ့ ထိုင်းမင်းသမီးနဲ့အတူ ကြော်ငြာ ရိုက်ကူးခွင့်ရခဲ့ပါတယ်။

 

Photo : ပိုင်တံခွန်

မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိနေတဲ့ ပိုင်တံခွန်က သူအရမ်းကြိုက်ရတဲ့ မင်းသမီးနဲ့ တွေ့ဆုံခွင့်ရခဲ့ပါပြီ။ ထိုင်းမင်းသမီး Pimchanok Luevisadpaibul နဲ့အတူ 7-Eleven ကြော်ငြာကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အဲဒီကြော်ငြာလေးကိုလည်း ပိုင်တံခွန်က သူ့ရဲ့ ဖေ့စ်ဘွတ်ကနေတဆင့် ပရိသတ်တွေအတွက် အောက်တိုဘာ(၁၇) ရက်နေ့ ပြန်လည်ဝေမျှထားတာ တွေ့ရပါတယ်။ ပိုင်တံခွန်က သူ Crush နေတဲ့ ထိုင်းမင်းသမီးနဲ့အတူ ရိုက်ကူးရေးတွေ လုပ်ဖို့ရှိတယ်ဆိုတာကို အင်တာဗျူးတွေမှာဖြေခဲ့ဖူးပါတယ်။ အခုတော့ သူ့ရဲ့ အိပ်မက်တွေ အကောင်ဖော်နိုင်ခဲ့တာကြောင့် ပိုင်တံခွန်ရဲ့ ပရိသတ်တွေကလည်း ဝမ်းသာကြည်နူးလို့နေကြပါတယ်။

Photo : ပိုင်တံခွန်

ပိုင်တံခွန်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံရဲ့ အနုပညာလောကမှာပါ အောင်မြင်နေပြီဖြစ်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဒီလို အောင်မြင်လာတဲ့အပေါ်မှာလည်း ဘဝမေ့သွားမှာ မဟုတ်ဘူးလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့်ပြောပြလာပါတယ်။

‘’ အောက်ခြေလွတ်သွားမယ့်လူထဲမှာတော့ မပါပါဘူးခင်ဗျ။ ဒါပေမယ့် အခြေအနေ အချိန်အခါအလိုက် ကိုယ့်ရဲ့ တန်ဖိုးကိုတော့ မြင်သွားရတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က တစ်ချိန်က သူတောင်းစားတစ်ယောက်ဖြစ်ခဲ့မယ်၊ အခုချိန်မှာ ကိုယ်က သူဌေးတစ်ယောက်ဖြစ်နေမယ်။ သူဌေးဖြစ်တဲ့အချိန်မှာ တောင်းစားတုန်းက အခြေအနေမျိုးကို ပြန်ပြီးနေထိုင်လို့မရတော့ဘူး။ သူ့အဆင့်အတန်း၊ သူ့အပြောအဆို၊ သူ့အနေအထိုင်က အစ အကုန်ပြောင်းလဲရတယ်။ ဒါကို ဘဝမေ့သွားတယ်လို့တော့ ပြောလို့မရဘူးပေါ့’’ လို့ သူကဆိုပါတယ်။

Photo : ပိုင်တံခွန်

ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။ 


က္က