လတိုင်းလိုလို ပေါက်တာတဲ့။
Ei Ei Myat

ရတနာမိုင်ကတော့ ထီကံကောင်းနေလို့ ပျော်နေပါတယ်။ လတိုင်း ထီဆု သေးသေးလေးတွေ ပေါက်လေ့ ရှိတဲ့ သူမက ဒီလလည်း ထပ်ပေါက်တယ်လို့ သိရပါတယ်။

 

Photo : ရတနာမိုင်

အဆိုတော် ရတနာမိုင်ကတော့ ဒီလလည်း ထီပေါက်တယ်လို့ ဆိုပါတယ်။ ဒီလမှာလည်း ထီတစ်သိန်းဆုနဲ့ ငါးသောင်းဆုပေါက်တယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

“လတိုင်း ဒီလိုပဲပေါက်နေတော့မှာလား ၁ သိန်း တစ်ဆု နဲ့ငါးသောင်း တစ်ဆု” ဆိုပြီး အောက်တိုဘာ(၄) ရက်နေ့က ပြောထားပါတယ်။ လတိုင်းလိုလို ဆုသေးသေးလေးတွေ ပေါက်တတ်တဲ့ သူမအတွက် ဒီလမှာလည်း ထီထပ်ပေါက်လို့ ပရိသတ်တွေက ဝမ်းသာလို့နေကြပါတယ်။

Photo : ရတနာမိုင်

ရတနာမိုင်ဟာ ဂီတလောကမှာ တစ်ခေတ် တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော် မိုင်ရဲ့ သမီးလည်း ဖြစ်ပါတယ်။ သူမရဲ့ လက်ထပ်မှာလည်း မိခင်ရဲ့ ဂီတအမွေကို ဆက်လက်ထိန်း သိမ်းထားနိုင်သူ တစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော်တစ်ဦးပါ။သူမက တစ်ကိုယ်တော်အခွေတွေ ထွက်ရှိထားသလို အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားပါတယ်။

Photo : ရတနာမိုင်

ဂီတနဲ့ ပတ်သက်ပြီးတော့လည်းဆုတံဆိပ်တွေရရှိထားသူပါ။ လက်ရှိမှာလည်း ဖျော်ဖြေရေးပွဲတွေ သွားနေရပြီးပရိသတ်တွေအတွက် သီချင်းသစ်တွေ ဖန်တီးနေတယ်လို့ သိရပါတယ်။ လတ်တလောမှာ ထွက်ရှိထားတဲ့ “မမေ့ပါနဲ့” ၊ “လိုရာသုံး” စတဲ့သီချင်းလေးတွေဟာလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျပြီး အောင်မြင်တဲ့ သီချင်းလေးတွေ ဖြစ်လို့နေပါတယ်။

 


က္က