ချစ်သူသက်တမ်း(၁၁) နှစ်ပြည့်တော့မှာပါ။

နိုင်းဝမ်းကတော့ (၁၁) နှစ်အကြာ လက်တွဲလာတဲ့ ချစ်သူလေးနဲ့ မင်္ဂလာဆောင်တော့မယ့် အကြောင်းပြောပြလာပါတယ်။ 

Photo: Nine One



အဆိုတော် နိုင်းဝမ်းကတော့ ချစ်သူလေး မမေမျိုးသူကျော် နဲ့ ၂၀၂၀ နှစ်ကုန်မှာ မင်္ဂလာဆောင်တော့မယ်လို့ဆိုပါတယ်။ ဟန်းနီးမွန်း ထွက်မယ့် အစီအစဉ်လေးကိုလည်း အခုလို ပြောပြထားပါသေးတယ်။ 

" ဒီနှစ်ကုန် မင်္ဂလာဆောင်ပြီးရင် ဟန်းနီးမွန်းထွက်မယ်။ သူများတွေလို၂ယောက်ထဲမထွက်ဘူး။ 

လက်ထပ်တယ်ဆိုတာ မတူညီတဲ့မိသားစုနှစ်ခုကို တစ်စုတစ်စည်းထဲဖြစ်အောင် စုပေါင်းလိုက်ခြင်းလို့ခံယူထားလို့ နှစ်ဘက်မိဘညီကိုမောင်နှမအားလုံးနဲ့အတူ ပျားရည်စမ်းသွားမယ်။ ဒါမှ အနာဂတ်မိသားစုရဲ့ စည်းလုံးခြင်းက ပိုအသက်ဝင်နိုင်မှ" ဆိုပြီးတော့ ဇွန်လ ၂၃ ရက်နေ့ ညနေ (၄) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Nine One

နိုင်းဝမ်းဟာ ချစ်သူလေးနဲ့ တွေ့ဆုံခဲ့တာ ၂၀၀၉ ခုနှစ်၊ ၉ လပိုင်း၊ ၇ ရက်နေ့ ကတည်းက ချစ်သူ စဖြစ်ခဲ့တာလို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ နိုင်းဝမ်းကတော့ ချစ်သူနဲ့ ဝေးသွားရင် သာသနာ့ဘောင်ထဲ အပြီးဝင်ဖို့တောင် ဆုံးဖြတ်ထားတယ်လို့ ပြောပြခဲ့ပါသေးတယ်။ အခုဆိုရင်တော့ သူတို့နှစ်ယောက်ရဲ့ ချစ်သူ သက်တမ်းက (၁၁) နှစ်ရှိလာခဲ့ပါပြီ။ 

Photo: Nine One

နိုင်းဝမ်း(Nine One)ဟာ ဂီတလောကထဲကို ၂၀၀၂ ခုနှစ်လောက်က စတင်ဝင်ရောက်လာပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ ယခုလက်ရှိမှာ သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ နိုင်းဝမ်းဟာ ချစ်သူနဲ့လည်း ခရီးတွေ ဆက်တိုက်ထွက်ဖြစ်သလို ပရဟိတအလုပ်တွေ ကုသိုလ်ရေးတွေကိုလည်း အရင်ကထက် ပိုပြီး လုပ်ကိုင် လာသူလည်း ဖြစ်ပါတယ်။ နိုင်းဝမ်းဟာ နင်သာရှိရင် သီချင်းနဲ့လည်း ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကိုလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က