ကလိကလိဖြစ်စေမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။

ပရိသတ်တွေ အသည်းတယားယားဖြစ်စေမယ့် အချစ်ဇာတ်ကားဆန်းဆန်းလေးကိုတော့ ဒါရိုက်တာအောင်မြတ်က ရိုက်ကူးပုံဖော်သွားမှာပါ။ ဒီဇာတ်ကားထဲမှာတော့ ဒေါင်း၊ ခါရာ၊ မိုးဟေကိုနဲ့ ဖွေးဖွေးတို့က ပါဝင်သရုပ်ဆောင်သွားမှာပါတဲ့။

Photo: Kaung Kyaw

သရုပ်ဆောင် ဒေါင်း၊ ခါရာ၊ မိုးဟေကိုနဲ့ ဖွေးဖွေးတို့ကိုတော့ Love Equation ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ တွေ့မြင်ရဦးမှာပါ။ နာမည်ကျော်မင်းသား၊ မင်းသမီးတွေနဲ့ အချစ်ဇာတ်ကားလေးကိုတော့ Golden Hour ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မှာဖြစ်ပြီး ဒါရိုက်တာ အောင်မြတ်က ရိုက်ကူးပုံဖော်သွားမယ်လို့သိရပါတယ်။ ပရိသတ်အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်တွေဖြစ်တာကြောင့် ပရိသတ်တွေကလည်း စိတ်ဝင်စားလို့နေပါတယ်။

Photo: Aung Myat

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဖွေးဖွေးကိုယ်တိုင်ကလည်း ရင်ခုန်နေပြီလို့ ဆိုပါတယ်။ သူမအတွက်ကတော့ အချစ်ဇာတ်ကားဆန်းဆန်းလေးဖြစ်ပြီး ကလိကလိ နဲ့ အသည်းယားစေမယ့် ဇာတ်ကားလေးတစ်ကားလို့ သိရပါတယ်။

‘’ဖွေးအရိုးကျိုးပြီး နားနေတာ (၄)လကျော်သွားပြီ နောက်နှစ်လဆိုရင် ဖွေးဒါရိုက်တာ အောင်မြတ်နဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ ပြင်ဆင်တော့မှာပါ။ Love Equation ဆိုတဲ့ ဇာတ်ကားလေးပါ။ ပရိသတ်တွေ အရမ်း ကြိုက်မယ့် ဇာတ်ကားလေး ဖြစ်မှာပါ။ ဖွေးကိုယ်တိုင်လည်း အရမ်းကြိုက်တယ်။ ဖွေးပရိသတ်တွေလည်း ကြိုက်နှစ်သက်မယ်ထင်လို့ လက်ခံဖြစ်ခဲ့တာပါ” လို့ ဖွေးဖွေးက ဇွန်လ(၃၀) ရက်နေ့က ပြုလုပ်တဲ့ Hearty& Heart ပွဲမှာ ပြောပြခဲ့တာပါ။

Photo: Li John, Amazing Grace

ဒီဇာတ်ကားထဲမှာတော့ ဒေါင်း၊ ခါရာ တို့ဟာ အဆိုပါ မင်းသမီး နှစ်ယောက်နဲ့ ပထမဆုံးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးပါ။ မိုးဟေကိုနဲ့ ဖွေးဖွေးတို့ကတော့ ‘’ပပဝတီ စီရင်ခန်း’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူပါဝင်သရုပ်ဆောင်ထားတဲ့ ဒိတ်ဒိတ်ကြဲ အောင်မြင်နေတဲ့ မင်းသမီး နှစ်လက်ဖြစ်ပါတယ်။

ဒါရိုက်တာအောင်မြတ်ကလည်း လူငယ်ဒါရိုက်တာ တစ်ယောက်ဖြစ်သလို အချစ်ဇာတ်ကားလေးတွေကို ဆန်းဆန်းပြားပြားနဲ့ ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးနိုင်သူဖြစ်တဲ့အတွက် အချိန်တိုအတွင်းမှာ အောင်မြင်မှုရရှိလာတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင် ဒေါင်းနဲ့ ခါရာ တို့ကလည်း အနုပညာလောကမှာ ပရိသတ်အခိုင်အမာ ရရှိလာပြီဖြစ်တဲ့ သရုပ်ဆောင်တွေဖြစ်ပါတယ်။ လူငယ်တွေလည်းဖြစ်သလို ရုပ်ရည်ချောမော ခန့်ညားတာကြောင့်လည်း ကောင်မလေး ပရိသတ်တွေ ပိုများလှပါတယ်။

Share

Loading Next Article...
က္က