Sabal Thwin

မြင့်မြတ်၊ ဖွေးဖွေးနဲ့ မအေးသောင်းတို့ကိုတော့ ‘’ပုဂံမျှော်’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အတူတွဲမြင်တွေ့ရတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ 7th Sense Film Production က ထုတ်လုပ်သွားမှာပါ။  

ပရိသတ်အချစ်တော် အနုပညာရှင်သုံးဦးဖြစ်တဲ့ မြင့်မြတ်၊ မအေးသောင်းနဲ့ ဖွေးဖွေးတို့ကိုတော့ ရုပ်ရှင်ကားကြီး တစ်ကားတည်းမှာ ပူးတွဲတွေ့မြင်ရတော့မှာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကိုတော့ ‘ပုဂံမျှော်’ လို့နာမည်ပေးထားကြောင်း ထုတ်လုပ်သူ ကိုဝေမင်းမောင်က ပြောကြားခဲ့ပါတယ်။

‘’သည်းအုံ့ ၊ မကြာဥ အတွဲကို မြင့်မြတ် နှင့် တွဲပေးလိုက်ပါပြီ ။ ပုဂံမျှော် ရုပ်ရှင်ဇာတ်ကားကြီး ဇာတ်ညွှန်း မင်းထင်ကိုကိုကြီး ၊ မင်းသခင်၊ ဇာတ်လမ်း၊ ဒါရိုက်တာ ကိုပေါက်၊ မြင့်မြတ်၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်း။ Produced by 7th Sense Film Production’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ ၄ ရက်နေ့ မနက် ၁၀ နာရီက ရေးသားခဲ့တာ တွေ့ရပါတယ်။ 

Photo: Myat Wai Tun

မြင့်မြတ်က လက်ရှိအနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရပါတယ်။ သူဟာ ၂၀၁၇ ခုနှစ်က အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘’အမှောင်မှာရွာချတဲ့ မိုးတိမ်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ ပရဟိတ နဲ့ ပတ်သက်လာရင်လည်း လက်မနှေးတဲ့ မင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။

Photo: Phway Phway

ဖွေးဖွေးကတော့ အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုပိုင်ဆိုင်ထား နိုင်ခဲ့ ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။

Photo: Amazing Grace

မအေးသောင်းက ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ အဲဒီနောက် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ပုဂံ ကို ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုလာဖို့အတွက်ကိုလည်း အနုပညာရှင်တစ်ယောက်အဖြစ် တစ်ဖက်တစ်လမ်းက ပါဝင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က