ဆံပင်ကလည်း သင်္ကြန်စတိုင်လေးနဲ့နော်။

သင်္ကြန်နဲ့ ဝေးနေတာ (၂)နှစ်လောက်ရှိပြီဖြစ်တဲ့ မိုးယုစံက ဒီနှစ်သင်္ကြန်မှာတော့ ပရိသတ်တွေနဲ့ တွေ့ရတော့မှာမို့ ပျော်နေပါတယ်။ သင်္ကြန်မှာ ကဲဖို့အတွက် ဆံပင်ပုံစံလေးတောင် ပြောင်းထားတယ်နော်။

 

Photo : မိုးယုစံ FB

တစ်သားမွေး တစ်သွေးလှဆိုတဲ့ အလှလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မိုးယုစံက ဒီနှစ်သင်္ကြန်မှာ ပရိသတ်တွေနဲ့အတူကဲဖို့ အဆင်သင့် ဖြစ်လို့နေပါပြီ။ သင်္ကြန်နဲ့ ဝေးနေတာ(၂) နှစ်လောက်ရှိပြီဖြစ်တဲ့ သူမက ဒီနှစ်သင်္ကြန် ပရိသတ်တွေနဲ့အတူတူကဲဖို့ နေပြည်တော်က Sky Net မဏ္ဍပ်မှာ ရှိနေမယ်လို့ ဆိုပါတယ်။

“သင်္ကြန်ဆိုတော့ သင်္ကြန်အထာလေးလုပ်ကြည့်တာ သင်္ကြန် နဲ့ဝေးတာ၂နှစ်လောက်ရှိပြီ ဒီနှစ်တော့ နေပြည်တော် skynet မှာရှိမယ်နော် တခြားနယ်က ပရိတ်သတ်ကြီးနဲ့ဆုံချင်ပေမဲ့ နေပြည်တော်ကပရိတ်သတ်ကြီးနဲ့ကံစပ်လို့ နေပြည်တော် skynetမဏ္ဍပ် မှာရှိတာ ၄/၅နှစ်လောက်ရှိပြီ ကြားမှာနားပေမဲ့ ဒီနှစ်ထပ်တွေ့ကြမယ်နော်” ဆိုပြီး ဧပြီ(၁၁) ရက်နေ့က သူမရဲ့ ဖေစ့်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : မိုးယုစံ FB

မိုးယုစံက သင်္ကြန်အတွက်ကိုလည်း ဆံပင်ပုံစံလေးလည်း ပြောင်းထားပါသေးတယ်။ မိုးယုစံက အိမ်ထောင်ကျပြီး သားလေးမွေးပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပေမယ့် ပွဲတွေ တော်တော်များများ တက်ရောက်ဖြစ်တာတွေ့ရပါတယ်။ မိုးယုစံဟာ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေလုပ်ရင်း သာယာတဲ့မိသားစုဘဝလေးကို တည်ထောင်နေသူပါ။

Photo : မိုးယုစံ FB

ကိုစွမ်းသူမိုး နဲ့ မိုးယုစံတို့ရဲ့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုးယုစံတို့ ဇနီးမောင်နံှရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ မိုးယုစံက သူမတို့ရဲ့ သားဦးလေး Austin ကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၁ ရက်မှာ အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။ သားလေး Austin (ခ) ကောင်းသိင်္ခမိုးသူ ကလည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသူလေးပါ။



က္က