အတူတူသောင်းကျန်းဖို့ ပြင်ထားကြဦးနော်။

အဆိုတော် ပိုပိုကတော့ ဒီနှစ်သင်္ကြန် ဘယ်မှာရှိမလဲဆိုတာကို ပြောပြထားပါတယ်။

Photo : ပိုပို

အဆိုတော် ပိုပိုကတော့ ဒီနှစ်သင်္ကြန်ကို ချင်းတွင်းက ပရိသတ်တွေနဲ့ ဖြတ်သန်းမယ်လို့ ဆိုပါတယ်။ ပရိသတ်တွေအားလုံးလည်း သူနဲ့အတူတူကဲဖို့အတွက် သီချင်းတွေ ကျက်ထားဦးနော်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ပြောထားပါတယ်။

“2019 မုံရွာ ချင်းတွင်း သင်္ကြန်မှာ ဒီနှစ် ရှိပါမယ် အတူတူ သောင်းကျန်းကြဖို့ ပို့သီချင်းတွေ ကျက်ထားကြနော်” ဆိုပြီး မတ်လ(၁၉) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : ပိုပို

ပိုပိုက မတ်လထဲမှာလည်း ပရိသတ်တွေနားဆင်ဖို့အတွက် သင်္ကြန်သီချင်းတစ်ပုဒ် ဖန်တီးပေးခဲ့ပါသေးတယ်။ အဲဒီသီချင်းလေးက ပိတောက်တစ်ခက် ရေတစ်ခွက်ဆိုတဲ့ သင်္ကြန်သီချင်းလေးပါ။ ပိုပိုရဲ့ သင်္ကြန်သီချင်းဟာလည်း ပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါသေးတယ်။ ပိုပိုက လက်ရှိမှာ သူ့ရဲ့ အိမ်လေးကို ပြန်ပြင်ဆောက်နေရင်း ကိုယ်ပိုင်စတူဒီယိုလေးတစ်ခု ဖန်တီးနေပါတယ်။

Photo : ပိုပို

ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြားရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာပရိသတ်တွေ အခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ 

အဲဒီသီချင်းဟာလည်းသူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံး ထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။



က္က