သင်္ကြန်ကဲဖို့ အဆင်သင့်ပဲလား။

ဒီနှစ် သင်္ကြန်မှာ ဝါဆိုမိုးဦးတစ်ယောက် ဘယ်မှာရှိနေမလဲဆိုတာကို ပရိသတ်ကို ပြောပြထားတယ်နော်။ ပရိသတ်တွေလည်း သင်္ကြန်မှာကဲဖို့ အစီအစဉ်တွေ ချနေကြပြီလား။

Photo : ဝါဆိုမိုးဦး

အမိုက်စားခန္ဓာကိုယ်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဝါဆိုမိုးဦးက ဒီနှစ်သင်္ကြန် သူဘယ်မှာရှိနေမလဲဆိုတာ ပရိသတ်ကို ပြောပြထားပါတယ်။ ဝါဆိုမိုးဦးက ၂၀၁၉ ခုနှစ် အတာသင်္ကြန်မှာတော့ ရန်ကုန်မှာရှိနေမှာပါလို့ ဆိုပါတယ်။

“ဒီနှစ်သင်္ကြန်လဲ ၁၉ လမ် းSky Net မဏ္ဌပ်မှာပဲ ရှိနေမယ်နော်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီလ(၂) ရက်နေ့က ရေးသားထားတာပါ။ သူမအနေနဲ့ Sky Net မဏ္ဍပ်မှာ ဖျော်ဖြေခွင့်ရတာ ဒီနှစ်နဲ့ဆို (၆) နှစ်တိတိ ရှိသွားပြီလို့လည်း ဆိုပါတယ်။

“ဒီနှစ်နဲ့ဆို Sky Net မဏ္ဌပ်မှာဖျော်ဖြေခွင့်ရတာ ၆နှစ်ရှိသွားပါပြီ ချစ်မ မမီးနဲ့ Sky Net မိသားစု ညီကိုမောင်နှမများအားလုံး ၁၉လမ်း Sky Net ရဲ့အမာခံ ချစ်ပရိတ်သတ်များအားလုံး ကျေးဇူးများကြီးတင်ပါတယ်” လို့ ပြောထားပါသေးတယ်။

Photo : ဝါဆိုမိုးဦး

ဝါဆိုမိုးဦးဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးလည်း လုပ်နေသူတစ်ယောက် ဖြစ်ပါတယ်။ သူမက ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာ အသက် ၂၄ နှစ်ပြည့်ခဲ့ပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကလည်း အားပေးချစ်ခင်လျှက်ရှိကြပါတယ်။

သူမက လက်ရှိမှာတော့ Rapper တစ်ဦးဖြစ်တဲ့ ဖြိုးလေး(Snare) နဲ့ ချစ်သူတွေဖြစ်ကြပါတယ်။ ချစ်သူသက်တမ်းကလည်း ၂ နှစ်ကျော်လို့ ၃ နှစ် နီးပါးကို ရောက်ရှိနေကြပါပြီ။ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ ချစ်သူဘဝကို ဖြတ်သန်းဖြစ်တယ်လို့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့က Duwun Media အင်တာဗျုးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo : ဝါဆိုမိုးဦး

Rap အဆိုတော် Snare အဖွဲ့ဝင် ဖြိုးလေးနဲ့ သရုပ်ဆောင်ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးက အမှတ်တရနေ့ရက်တိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် Surprise လုပ်ရင်းဖြတ်သန်းလေ့ရှိပါတယ်။ အရမ်းချစ်ကြတဲ့ အနုပညာရှင်စုံတွဲဖြစ်တာကြောင့်လည်း သူတို့ နှစ်ဦးစလုံးမှာရှိတဲ့ ပရိသတ်တွေက အားကျလို့နေကြပါတယ်။



က္က