အနုပညာအသိုင်းအဝိုင်းက ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

မြင့်မြတ်ရဲ့ ဇနီးဖြစ်သူ မခင်သူအောင်ကတော့ နောက်ထပ်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပါတယ်။ 

Photo: Myint Myat



သရုပ်ဆောင် မြင့်မြတ်ရဲ့ ဇနီးချောလေး မခင်သူအောင်ကတော့ ဒုတိယမြောက် ကိုယ်ဝန်လွယ်ထားရပြီလို့ သိရပါတယ်။ သားလေး မြတ်သူတစ်ယောက် ကစားဖော်ရပြီဆိုပြီးတော့ အနုပညာအသိုင်းအဝိုင်းထဲက တစ်ယောက်ဖြစ်တဲ့ ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ကိုဘိုဘိုစန်းက ပြောလာပါတယ်။ 

" မြတ်သူလေးနဲ့ ဆော့ဖို့နောက်တစ်ယောက်တဲ့..Congratulation ကွီးမြင့်မြတ်ရေ" ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက် ၁၀ နာရီ ၄၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာ တွေ့ရပါတယ် ။ အဲဒီနောက် ကိုဘိုစန်းရယ်၊ မြင့်မြတ်နဲ့ သားလေး မြတ်သူတို့ အတူတွဲပြီး ဓာတ်ပုံရိုက်ထားတာလေးကိုလည်း တင်ခဲ့ပါတယ်။ မြင့်မြတ်ကို ချစ်တဲ့ ပရိသတ်တွေကတော့ ဂုဏ်ပြုစကားတွေ ပြောခဲ့တာ တွေ့ရပါတယ်။ 

Photo: Myint Myat

သရုပ်ဆောင်မြင့်မြတ်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသူပါ။ အလုပ်အားတဲ့ရက်တွေမှာလည်း မိသားစုနဲ့ အတူတူ အပန်းဖြေစရာနေရာလေးတွေကို လျှောက်သွားဖြစ်တယ်လို့ သိရပါတယ်။ သူဟာ "အမှောင်မှာ ရွာချတဲ့မိုးတိမ်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားတာပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ ထိပ်တန်း သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ 

Photo: San Win Oo

မြင့်မြတ်ကတော့ ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၇)ရက်နေ့က အသက်(၃၃)နှစ်ပြည့်လို့သွားခဲ့ပြီ ဖြစ်သလို သူနဲ့ မွေးနေ့တူတဲ့ သားသားလေး မြတ်သူကတော့ အသက်(၁)နှစ်ပြည့်ပြီးခဲ့ပါပြီ။ မြင့်မြတ်ရဲ့သားလေးကို သြဂုတ်လ(၇) ရက်နေ့ မနက် (၉)နာရီ(၁၅)မိနစ်က ရန်ကုန်မြို့ ဝီတိုရိယ ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ မြင့်မြတ်ရဲ့ ရိုက်ကွင်းတွေမှာတောင် ဂျူနီယာမြင့်မြတ်လေးကို တွေ့နိုင်ပြီဖြစ်ပါတယ်။ မြင့်မြတ်နဲ့ ဇနီးဖြစ်သူ ခင်သူအောင် တို့ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နိုဗိုတယ် ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က