loading...

loading...

loading...

မမေ့နိုင်စရာတွေ များတယ်။
Sabal Thwin

ဖွေးဖွေးကတော့ ၂၀၁၉ မှာ ကြုံခဲ့ရတဲ့ အမှတ်တရ တစ်ခုစီတိုင်းကို ပြန်လည် ပြောပြခဲ့ပါတယ်။ သူ့အတွက်ကတော့ မမေ့နိုင်စရာ အမှတ်တရတွေ အရမ်းများခဲ့တဲ့ နှစ်တစ်နှစ်ပါ။

Photo: Phway Phway

ပရိသတ်အချစ်တော် ဖွေးဖွေးကတော့ ၂၀၁၉ ခုနှစ်တာကာလမှာ သူမဖြတ်သန်းခဲ့ရတဲ့အရာတွေအပေါ် သုံးသပ်ပြောပြလာပါတယ်။ သူမအတွက်တော့ တန်ဖိုးရှိတဲ့ နှစ် တစ်နှစ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"၂၀၁၉... not all but some memories of mine..What's Yours?အမှတ်တရတွေ ဟာ အမြဲတမ်းတော့မလှပနိုင်ပါဘူး။ ဒါဟာလဲသဘာဝပါပဲ။ တင်နေကျပွဲတက်ပုံတွေလို ဘဝဟာလဲ အမြဲ Perfect မဖြစ်နိုင်ပြန်ဘူးမဟုတ်လား။ အဖြူပဲဖြစ်ဖြစ် အမဲပဲဖြစ်ဖြစ် အရောင်တွေကို စုဆောင်းနေတဲ့ လူတစ် ယောက်အဖို့တော့ တန်ဖိုးရှိနေတာပါပဲ။ကျေးဇူးတင်ပါတယ် ၂၀၁၉ ရေ။ ၂၀၂၀ အတွက်တော့ အားလုံးပဲ ပျော်ရွှင်ကြည်နူးအန္တရာယ်ကင်းကြပါစေ။ Happy New Year 2020! Much Love xX #ဖွေးဖွေး #BurmeseActressPP" ဆိုပြီးတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ည ၇ နာရီကျော်က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: Phway Phway

ဖွေးဖွေးကတော့ ၂၀၁၉ ခုနှစ်ရဲ့ မန်မိုရီလေးတွေကို ပြန်လည်ပြောပြလာပါတယ်။ သူမဟာ မတ်လ ၁၁ ရက်နေ့တုန်းကတော့ Clavicle Operation ဝင်ခဲ့ရပါတယ်တဲ့။ Clavicle Operation ဝင်ပြီး ၁၀ ရက်အကြာမှာတော့ အကယ်ဒမီဆု တစ်ဆုကို ထပ်မံပိုင်ဆိုင်ခွင့်ရလိုက်ပါတယ်တဲ့။ အဲဒီနောက် သြဂုတ်လ ၉ ရက်နေ့မှာကျရောက်တဲ့ သူမရဲ့ မွေးနေ့မှာလည်း မမေ့နိုင်စရာ Birthday Surprise လုပ်ခံလိုက်ရပါတယ်တဲ့။ တက်တူးအသစ်လေးလည်း ထိုးခဲ့ပါသေးတယ်။ KBZPAY Ambassador တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ ကြော်ငြာရိုက်ကွင်းတစ်ခုမှာ ကြက်တူရွေးလေးရဲ့ အနိုင်ကျင့်တာကိုလည်း ခံခဲ့ရသေးတယ်တဲ့။ ကလေးမွေးတော့မယ့် သူငယ်ချင်းကို ညအိပ်ဆေးရုံစောင့်ပေးခဲ့ရတာကလည်း အမှတ်တရ တစ်ခုပါပဲ။ မိသားစု အတူတူကြော်ငြာရိုက်ကူးခွင့်ရခဲ့ပါသေးတယ်ဆိုတဲ့ အမှတ်တရတွေကိုလည်း ဖွေးဖွေးက ပြောပြထားပါသေးတယ်။

Photo: Phway Phway

ဖွေးဖွေး(Phway Phway)က ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က