City Mart မှာ နံပါတ်(၃) နေရာ ချိတ်ထားပါတယ်။

ဖြူဖြူကျော်သိန်းကတော့ သူမနောက်ဆုံးထွက်ရှိထားတဲ့ "သဝန်တိုတာ အရမ်းချစ်လို့" သီချင်းအခွေအသစ်လေးကတော့ City Mart မှာ ရောင်းအားအကောင်းဆုံး နံပါတ်(၃) နေရာမှာ ရပ်တည်နေတယ်လို့ ဆိုပါတယ်။ 

Photo: Phyu Phyu Kyaw Thein



အဆိုတော် ဖြူဖြူကျော်သိန်းနဲ့ ကော်ပရာတို့ရဲ့ အတွဲအခွေလေးဖြစ်တဲ့ "သဝန်တိုတာ အရမ်းချစ်လို့" သီချင်းအခွေလေးဟာ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ အခွေလေး တစ်ခွေ ဖြစ်လို့နေပါတယ်။ ဒီအခွေလေးဟာ City Mart မှာ ရောင်းအားအကောင်းဆုံး နံပါတ်(၃) နေရာမှာ ရပ်တည်နေတယ်လို့ ဖြူဖြူကျော်သိန်းက ဆိုပါတယ်။ 

" သဝန်တိုတာအရမ်းချစ်လို့ ခွေလေးကို City Mart ရောင်းအားအကောင်းဆုံး နံပါတ် (၃) အထိရောက်အောင်ဝယ်ယူအားပေးကြတဲ့ ချစ်ပရိသတ်များအားလုံးကျေးဇူးပါ။ ခုလို ခက်ခဲတဲ့အချိန်မှာ အနုပညာ ဖန်တီးသူတွေကို တန်ဖိုးထားပြီးဝယ်ယူအားပေးချီးမြှင့်‌ပေးတဲ့ ချစ်ပရိသတ်အားလုံးကို ပြောမပြတတ်အောင်ကျေးဇူးတင်ပါတယ်" လို့ သူက ဆိုပါတယ်။ 

Photo: Dior

"သဝန်တိုတာ အရမ်းချစ်လို့" အခွေလေးဟာ သြဂုတ်လ(၁၄) ရက်နေ့က လှိုင်းတေးသံသွင်းကနေတဆင့် စတင်ဖြန့်ချီလိုက်တာ ဖြစ်ပါတယ်။ အခုလို Covid ကာလမှာ သီချင်းအခွေလေးရဲ့ အောင်မြင်မှုအပေါ် ဖြူဖြူကျော်သိန်းရဲ့ ခံစားချက်ကို အခုလို ပြောပြခဲ့ပါသေးတယ်။ 

" ဖြူဖြူတို့ entertainment and art industry က Covid ကာလမှာ အတော်နဲ့ နလန်မထူဘူးဆိုတာကို စာနာနားလည်ပြီး ဖေးမတဲ့အနေနဲ့ ဝယ်ယူအားပေးတယ်ဆိုတာ သိနားလည်တဲ့အတွက် ဖြူဖြူတို့ အတတ်နိုင်ဆုံး ဆက်လက်ဖန်တီးဖျော်ဖြေဖို့ ကြိုးစားကြပါမယ် နော် ။အခု ကာလမှာအပြင်ထွက်ဝယ်ဖို့ အခက်အခဲ ရှိနေမယ်ဆိုရင်လည်း Bagan Zay က အိမ်တိုင်ရာရောက်ပို့ပေးနေပါတယ်ရှင်" လို့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Phyu Phyu Kyaw Thein

ဖြူဖြူကျော်သိန်းကတော့ Covid ကာလအတွင်းမှာ "သဝန်တိုတာ အရမ်းချစ်လို့" ဆိုတဲ့ တစ်ကိုယ်တော် အခွေလေးအပြင် Single Song လေးတွေလည်း ထွက်ရှိထားတာကို တွေ့ရပါတယ်။ အခုလက်ရှိမှာလည်း သူမရဲ့ သီချင်းဟောင်းလေးတစ်ပုဒ်ဖြစ်တဲ့ "အချစ်မီး" သီချင်းလေးကို သီချင်းပုံစံအသစ်ပြောင်းပြီး Music Video လေး ရိုက်ကူးထားတာ တွေ့ရပါတယ်။ ဒီ Music Video ကို စက်တင်ဘာလ (၁) ရက်နေ့က ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ 

Photo: Phyu Phyu Kyaw Thein

“တတိယမြောက် ရည်းစားစကားနိဒါန်း” ဆိုတဲ့ သီချင်းကို အဆိုတော် ဘိုဘိုဟန်ရဲ့ ဂီတဖျော်ဖြေပွဲမှာ စပြီး သီဆိုခဲ့ချိန်က ပရိသတ်တွေ စတင်သိရှိခဲ့တဲ့ ဖြူဖြူကျော်သိန်း ဟာ အခုချိန်မှာတော့ ဂီတလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့လာပါပြီ။ ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပါ။ တစ်ကိုယ်တော်အခွေတွေလည်း အများကြီး ထွက်ရှိထားတာ ဖြစ်သလို တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေလည်း လုပ်ခဲ့ဖူးသူဖြစ်ပြီး ဂီတသက်တမ်း (၁၇) နှစ်အကြာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က