Sabal Thwin

ကွယ်လွန်သွားပြီဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်ရဲ့ ရိုက်လက်စ ရုပ်ရှင်ဇာတ်ကားကြီးထဲမှ ကာရိုက်တာကို သရုပ်ဆောင်ဝေဠုကျော်က အစားထိုး ပါဝင်သရုပ်ဆောင်သွားမယ်လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။

photo: Wai Lu Kyaw

ညိုမင်းလွင်ဟာ ‘’မနုစာရီ’’ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်လျှက်ရှိတဲ့ ဇာတ်ပို့သရုပ်ဆောင် အောင်ဇော် ကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဒါပေမယ့် သရုပ်ဆောင် ဝေဠုကျော်ဟာ ကိုအောင်ဇော်ရဲ့ နေရာမှာ ပါဝင်သရုပ်ဆောင်ပေးသွားမယ်လို့လည်း သိရပါတယ်။

‘’ကိစ္စရှိလို့ ခဏပြန်လာခဲ့ပါတယ်။ ၁-မနုစာရီ ဇာတ်ကားမှ ကိုအောင်ထွန်းအဖြစ်သရုပ်ဆောင်ခဲ့သော ( ကို )အောင်ဇော် နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် အနုပညာရှင်တစ်ဦး ဆုံးရှူံးရခြင်းအပေါ် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ ၂-မနုစာရီ ဇာတ်ကားတွင် ရိုက်ကူးရန်ကျန်ရှိနေသော ကိုအောင်ထွန်းပါဝင်သည့် ဇာတ်ဝင်ခန်းများအတွက် အစ်ကို အကယ်ဒမီဝေဠုကျော်မှ ရုပ်ရှင်လောကသားချင်း ရိုင်းပင်းကူညီသည့်အနေဖြင့် ဆက်လက် သရုပ်ဆောင်ပေးမည်ဖြစ်ပါကြောင်း။ Sincerely yours, ညိုမင်းလွင်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။


photo nyo min lwin

ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်ဟာ ဇူလိုင်(၂၁) ရက်နေ့ ည(၈)နာရီဝန်းကျင်က ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ဆုံးပါးသွားခဲ့တာပါ။ သူ ကွယ်လွန်ခဲ့တာကတော့ မန္တလေးမှာ ဖြစ်ပါတယ်။ သူ့ရဲ့ သတင်းကိုကြားပြီး အနုပညာလောကသားများ၊ ပရိသတ်များအားလုံးက စိတ်မကောင်း ဖြစ်လို့နေပါတယ်။ အောင်ဇော်ကို ဇူလိုင်(၂၃) ရက်နေ့ နေ့လည်(၁း၀၀)နာရီ မှာ မန္တလေး ကြာနီကန် သုဿန်မှာ ဂူသွင်းသဂြိုလ်သွားမှာ ဖြစ်ပါတယ်။


Photo: Aung Zaw

မနုစာရီ ရုပ်ရှင်ဇာတ်ကားကြီးကို လက်ရှိမှာ ရိုက်ကူးပုံဖော်နေတုန်းဖြစ်ပါတယ်။ ဒီဇာတ်ကားကို ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ညိုမင်းလွင်က ပုံဖော်ရိုက်ကူးနေတာပါ။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် အောင်ဆန်းမြင့်၊ ရွှေသမီးနဲ့ နေကြာခင်ခင် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲဒီနောက် ဇာတ်ပို့ သရုပ်ဆောင် များစွာတို့ကလည်း အားဖြည့်ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က