ပျော်စရာကြီး။

အောင်လရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်သလို သူငယ်ချင်းတစ်ယောက်လည်းဖြစ်တဲ့ အောန်ဆိုင်းဟာ အောင်လကို ဂျပန်ထိသွားပြီး အားပေးခဲ့တာပါ။ အောင်လနိုင်လို့လည်း အောန်ဆိုင်းတစ်ယောက် အရမ်းကို ပျော်နေတာ တွေ့ရပါတယ်။

Photo : အောန်ဆိုင်း



အောန်ဆိုင်းဟာ အောင်လရဲ့ အမာခံပရိသတ်တစ်ဦးလို့ ဆိုရမှာပါ။ အောင်လရဲ့ ပွဲတိုင်းကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးသူဖြစ်ပါတယ်။ မတ်လ(၃၁) ရက်နေ့က ဂျပန်မှာပြုလုပ်ခဲ့တဲ့ one Championship ပွဲကိုလည်း အောန်ဆိုင်းတစ်ယောက် သွားရောက် အားပေးခဲ့ပါသေးတယ် ။အောင်လနိုင်လို့လည်း အောန်ဆိုင်းတစ်ယောက် အရမ်းကို ပျော်နေတာ တွေ့ရပါတယ်။

ဂျပန်နိုင်ငံမှာ ဒို့မြန်မာနိုင်ပြီလို့ အော်ရတာ အရသာရှိလိုက်တာ “ ဆိုပြီး အောင်လပွဲအပြီးမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ မတ်လ(၃၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

Photo : အောန်ဆိုင်း

အောင်လအန်ဆိုင်ဟာ ဂျပန်မှာပြုလုပ်တဲ့ One Championship “New Era” ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်တန်းရွှေခါးပတ် ချန်ပီယံကာကွယ်နိုင်ခဲ့ပါတယ်။ေ အာင်လအန်ဆန်ဟာ ပြိုင်ဖက် ကမ်ဟာဆီဂါဝါကို နှစ်ချီအတွင်း အလဲထိုးအနိုင်ယူခဲ့တာဖြစ်ပြီး ရွှေခါးပတ်ကို ဆက်လက်ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အောင်လအတွက် မြန်မာနိုင်ငံက ပရိသတ်တွေကလည်း ဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ အောင်လနဲ့အတူ အောန်ဆိုင်းဟာ ဓာတ်ပုံအတူတွဲရိုက်ပြီး Congratulation လုပ်ထားပါသေးတယ်။

Photo : အောန်ဆိုင်း

နာမည်ကျော် မော်ဒယ်လ်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ အောန်ဆိုင်းဟာ ဒီနေ့ အချိန်ထိ ပရိသတ်အချစ်ကို ခိုင်ခိုင်မာမာရရှိ ထားတာ ဖြစ်ပါတယ်။ Professional Model တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ အောန်ဆိုင်းကတော့ လက်တလောမှာ မဂ္ဂဇင်းကာဗာတွေ၊ ကြော်ငြာတွေ ရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း မကြာခဏ ပါဝင်သရုပ်ဆောင်နေပြီလိ့ုလည်း သိရပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ မော်ဒယ်လ် တစ်ယောက်အနေနဲ့သာ ရပ်တည်သွားမယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က