လာရောက် စားသုံးကြတဲ့ ပရိသတ်တွေကလည်း တကယ်ကို အားရစရာပါ။

မြင့်မြတ်တို့မိသားစုကတော့ ချစ်သူများနေ့က ချောင်းသာကမ်းခြေမှာ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

Photo: Myint Myat



သရုပ်ဆောင်မြင့်မြတ်တို့ မိသားစုကတော့ ချောင်းသာကမ်းခြေမှာ အလှူအတန်းတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ သူကတော့ အလှူအတန်းနဲ့ပတ်သက်လာရင်လည်း တကယ်ကို လက်မနှေးတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။

"အားလုံးမင်္ဂလာပါ ခင်ဗျာ။ သရုပ်ဆောင်အကယ်ဒမီကိုမြင့်မြတ်+မခင်သူအောင်သားမောင်မြတ်သူမိသားစုတို့မှ ချောင်းသာကမ်းခြေမှာ ကြက်အားလူး၊ ဘဲဥချက်၊ ခရမ်းချဉ်သီးငပိထောင်း၊အချိုရည်များဖြင့် အလှူဒါနပြုလုပ်ခဲ့ပါသည်။ နတ်လူသာဓုခေါ်စေသော်" ဆိုပြီးတော့ မြင့်မြတ်ရဲ့ မန်နေဂျာဖြစ်သူ ကိုမြတ်ဝေထွန်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းက ဓာတ်ပုံနဲ့တကွ တင်ခဲ့တာကို တွေ့ရပါတယ်။ ချောင်းသာမှာရှိတဲ့ ပရိသတ်တွေကလည်း ကြိတ်ကြိတ်တိုး လာရောက်စားသုံးခဲ့တာကို တွေ့ရပါတယ်။  မြင့်မြတ်တို့ မိသားစု အလှူအတွက် ပရိသတ်တွေကလည်း သာဓု ခေါ်ဆိုခဲ့ကြပါသေးတယ်။ 

Photo: Myat Wai Tun

သရုပ်ဆောင်မြင့်မြတ်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသူပါ။ အလုပ်အားတဲ့ရက်တွေမှာလည်း မိသားစုနဲ့ အတူတူ အပန်းဖြေစရာနေရာလေးတွေကို လျှောက်သွားဖြစ်တယ်လို့ သိရပါတယ်။ သူဟာ "အမှောင်မှာ ရွာချတဲ့မိုးတိမ်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားတာပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ ထိပ်တန်း သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ 

Photo: Myat Wai Tun

မြင့်မြတ်ကတော့ ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၇)ရက်နေ့က အသက်(၃၃)နှစ်ပြည့်လို့သွားခဲ့ပြီ ဖြစ်သလို သူနဲ့ မွေးနေ့တူတဲ့ သားသားလေး မြတ်သူကတော့ အသက်(၁)နှစ်ပြည့်ပြီးခဲ့ပါပြီ။ မြင့်မြတ်ရဲ့သားလေးကို သြဂုတ်လ(၇) ရက်နေ့ မနက် (၉)နာရီ(၁၅)မိနစ်က ရန်ကုန်မြို့ ဝီတိုရိယ ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ မြင့်မြတ်ရဲ့ ရိုက်ကွင်းတွေမှာတောင် ဂျူနီယာမြင့်မြတ်လေးကို တွေ့နိုင်ပြီဖြစ်ပါတယ်။ မြင့်မြတ်နဲ့ ဇနီးဖြစ်သူ ခင်သူအောင် တို့ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နိုဗိုတယ် ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က