တရားဝင်ကြေညာလိုက်တာပါ။

သရုပ်ဆောင် ပိုးအိအိခန့်နဲ့ မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမား အောင်သူတို့ လက်ထပ်ထားတာဟာ (၉)လကျော်ရှိသွားပြီလို့ သူတို့ရဲ့ ဖေ့စ်ဘွတ်တွေကနေ တရားဝင်ကြေညာလိုက်ပါပြီ။

Photo : ပိုးအိအိခန့်

သရုပ်ဆောင် ပိုးအိအိခန့်ဟာ မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမားအောင်သူနဲ့လက်ထပ်ထားတာဟာ (၉)လကျော်ရှိသွားပြီလို့ သူတို့နှစ်ဦးရဲ့ ဖေ့စ်ဘွတ်ကနေ တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ယခင်က လက်ထပ်ထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း သူတို့နှစ်ဦးဟာ အတည်ပြုထားခြင်း မရှိပေမယ့် ဒီနေ့မှာ ပရိသတ်တွေကို အတိအလင်းပြောပြလိုက်တာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်းတွေကိုလည်း ပိုးအိအိခန့်ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။

“ဖောင်းတို့ တစ်ယောက်နဲ့ တစ်ယောက်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာ ဖောင်းတို့ရဲ့ အချစ်တွေ ဘယ်တော့မှလက်တွဲမဖြုတ်တော့ဘူးဆိုတာရယ်တစ်ယောက်နဲ့တစ်ယောက်မခွဲနိုင်တော့ဘူးဆိုတာ သေချာခဲ့လို့လို့ ကိုပြောခဲ့ဖူးတယ်နော် ဘာလိုလိုနဲ့အခုဆို လက်ထပ်ခဲ့တာ ၉လတောင်ကျော်ပြီ.....ဖောင်းတို့ နှစ်ယောက်ရဲ့ အချစ်တွေ ဘယ်လောက်ခိုင်မြဲလည်းဆိုတာ ဖောင်းတို့နှစ်ယောက် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လောကဓံကိုကြံ့ကြံ့ခံနိုင်တဲ့ အပေါ်မှာကြည့်ပြီးဆုံးဖြတ်လို့ရပါတယ်။ ဘယ်လိုအခက်အခဲ အတားအဆီးတွေပဲရှိရှိ ဖောင်းဘေးမှာ အမြဲရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကိုရယ်အခုလိုလေးပဲ အမြဲတမ်းတစ်သက်လုံးရှိနေမယ်လို့လည်း ဖောင်းယုံကြည်ပါတယ်။ ️Happy 9th Monthsary Marriage Life ပါကို” ဆိုပြီး ပိုးအိအိခန့်က မတ်လ(၆) ရက်နေ့က ပြောထားတာပါ။

Photo : ပိုးအိအိခန့်

ထို့အတူ အောင်သူကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ပိုးအိအိခန့်နဲ့ လက်ထပ်ထားတဲ့ အကြောင်းကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ပြောထားပါသေးတယ်။

“ဘာလိုလိုနဲ့ ကိုတို့လက်ထပ်ထားတာ အခုဆို၉ လတောင်ကျော်ခဲ့ပြီနော် ကိုတို့နှစ်ယောက်တွက် ဝေဖန်ပြောဆိုခြင်းတွေလည်း အများကြီးရှိခဲ့တယ် တိုက်ခိုက်ခံရခြင်းတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် ဘာမှမဖြစ်ပါနဲ့ဖောင်းရယ် နားလည်ပေးလိုက်ပါနော်။ အဓိကက ကိုတို့နှစ်ယောက်တစ်ယောက်ကို တစ်ယောက်သစ္စာရှိဖို့ရယ် တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိဖို့ရယ်က အရေးကြီးဆုံးပါပဲ။ အဲ့ဒါမျိုးလေးတွေ တည်ဆောက်သွားမှ နောင်တစ်ချိန်မှာ ကိုတို့နှစ်ယောက်လိုချင်တဲ့ ရိုးရှင်းတဲ့ မိသားစုဘဝလေးရမှာဖောင်းရဲ့ ကိုသူများတွေလို စကားလုံးလှလှလေးတွေတော့မပြောတတ်ပါဘူး ဒါပေမဲ့ ကိုဖောင်းကိုချစ်တယ်။ ဖောင်းနဲ့ပက်သက်ရင် ကို့ခေါင်းထဲမှာအတွေးတွေအများကြီးရှိပြီသားပါ ဖောင်းရေအရင်တုန်းကတော့ချစ်တယ်ကြိုက်တယ်ပေါ့ ခုတော့တစ်ဆင့်တိုးသွားပြီ ဆိုးတူကောင်းဖက် တူတူရင်ဆိုင်ရမဲ့ချိန်ဖြစ်သွားပြီဖောင်း ဘာပဲဖြစ်ဖြစ် တွဲလက်မဖြုတ်ကျေးနော် ဘာတွေဘယ်လိုပဲ ဖြစ်လာဖြစ်လာ ကို ဖောင်းရဲ့ဘေးမှာ အမြဲတမ်းရှိနေပေးမယ်နော် သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ကိုရယ်ဖောင်းရယ် ဆက်ပြီး တည်ဆောက်သွားကြမယ်နော်” ဆိုပြီး အောင်သူရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။

Photo : ပိုးအိအိခန့်

သူတို့နှစ်ဦးရဲ့ သတင်းကြောင့် ပရိသတ်တွေ တော်တော်များများ အံ့သြသွားခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတာဖြစ်ပါတယ်။သူတို့ နှစ်ယောက်ရဲ့ အချစ်ရေးကို အားပေးသူရှိသလို ဝေဖန်သူတွေလည်း ရှိခဲ့ကြပါတယ်။

ိုးအိအိခန့်ဟာ မကြာသေးခင်က ‘’တုနှိုင်းမဲ့ မေတ္တာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ သူမကိုတော့ ဗီဒီယိုဇာတ်ကားတွေ ကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း ဥပဒေ(မဟာ)မေဂျာ ကို ဒဂုံတက္ကသိုလ်မှာ လေ့လာဆည်းပူးေ နတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က