ခရီးက ပြန်ရောက်ပြီး အလှူသွားလုပ်ခဲ့တာပါ။

သင်ဇာဝင့်ကျော်က ခရီးကနေ ပြန်လာပြီး နောက် အောင်ဇဗ္ဗူတောရကျောင်းမှာ အလှူသွားလုပ်ခဲ့တာတွေ့ရပါတယ်။ မိသားစု အလှူလေး သွားလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

Photo : သင်ဇာဝင့်ကျော် အင်စတာဂရမ်



သရုပ်ဆောင် သင်ဇာဝင့်ကျော်က ဧပြီလ(၂၅) ရက်နေ့မှာမှော်ဘီမြို့နယ်မှာရှိတဲ့အောင်ဇဗ္ဗူတောရကျောင်းတွင် အလှူတစ်ခု သွားလုပ်ခဲ့တယ်လို့ သိရပါတယ်။ သူမမိသားစု အလှူတစ်ခုအနေနဲ့ ဆန်အိတ်တွေ သွားရောက်လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ အလှူသွားလုပ်တဲ့အကြောင်းကိုလည်း သူမရဲ့ အင်စတာဂရမ် Stories မှာ ဧပြီ(၂၅) ရက်နေ့က တင်ထားတာတွေ့ရပါတယ်။

Photo : သင်ဇာဝင့်ကျော် အင်စတာဂရမ်

သူမရဲ့ အလှူလေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေလည်း ကြည်နူးလို့နေပါတယ်။ သင်ဇာဝင့်ကျော်ဟာ မော်ဒိုက်ကနေ ပြန်ရောက်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ သင်္ကြန်တွင်းကတည်းက ခရီးတွေ ထွက်နေတဲ့ သူမဟာ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က မော်ဒိုက်မှာလည်း ချစ်သူနဲ့ အပန်းဖြေနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။အခုတော့ ရန်ကုန်ကို ပြန်ရောက်နေပြီဖြစ်ပြီး သူမရဲ့ ကျန်းမာရေးအတွက် Gym ပြန်ကစားနေသလို ဘာသာရေးတွေလည်း ပြန်လုပ်လျက်ရှိပါတယ်။

Photo : သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှား မှုတွေ ဆက်တိုက်လုပ်ကိုင်လျက် ရှိပါတယ်။ မကြာသေးခင်ကလည်း ပူတာအိုမှာ ‘’နှင်းပွင့်စေရာ’’ဆိုတဲ့ ရုပ်ရှင်ကားကြီးကို သရုပ်ဆောင် မြင့်မြတ်နဲ့အတူ ပါဝင်ရိုက်ကူးခဲ့ပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က