အင်ဂျင်နီယာတစ်ယောက်၊ ဆရာဝန်တစ်ယောက် မွေးထုတ်ပေးလိုက်နိုင်ပါပြီ။

ပြေတီဦးဟာ သူ့ရဲ့ ဖောင်ဒေးရှင်းကနေ အင်ဂျင်နီယာ တစ်ယောက်၊ ဆရာဝန်တစ်ယောက် ထပ်မံထွက်ပေါ်လာလို့ ကျေနပ်ပီတိတွေဖြစ်နေတာကို တွေ့ရပါတယ်။ 

ပြေတီဦးကတော့ ဖောင်ဒေးရှင်းကနေ ထောက်ပံ့ပေးလိုက်တဲ့ ကျောင်းသူလေးတွေဟာ အခုဆိုရင် ဘွဲ့တွေကိုယ်စီရရှိသွားပြီဖြစ်လို့ ဝမ်းသာဂုဏ်ယူနေတာ တွေ့ရပါတယ်။ ကျောင်းသူ လေးတွေအတွက် ပြေတီဦးက အခုလို ဆုတောင်းစကားပြောထားပါသေးတယ်။ 



"မိမိရဲ့ မိသားစု မိမိရဲ့ပတ်ဝန်းကျင် နဲ့ အကူအညီလိုအပ်နေသူများကို တတ်နိုင်သလောက်လေးကူညီပြီး စိတ်ချမ်းသာသာမှုလေးတေ ပေးစွမ်းနိုင်ပါစေ။ မိမိရဲ့ မိသားစု မိမိရဲ့ပတ်ဝန်းကျင် နဲ့ အကူအညီလိုအပ် နေသူများကိုတတ်နိုင်သလောက်လေးကူညီပြီး စိတ်ချမ်းသာသာမှုလေးတေ ပေးစွမ်းနိုင်ပါစေ" ဆိုပြီးတော့မတ်လ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Pyay Ti Oo

ပြေတီဦးဖောင်ဒေးရှင်းကနေတဆင့် ၂၀၁၄ ခုနှစ်ကစလို့ ငွေကြေး အထောက်အပံ့ နဲ့ ပညာသင်ကြားပေးခဲ့တဲ့ မညိုစိန်ဟာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နည်းပညာတက္ကသိုလ်(ရတနာပုံ ဆိုက်ဘာစီးတီး)မှ BE, Electronics ဘွဲ့ကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၂ ခုနှစ်က စပြီး ငွေကြေးအထောက်အပံ့နဲ့ ပညာသင်ကြားခဲ့တဲ့ မန္တလေးမြို့မှာ နေထိုင်တဲ့ ဆေးကျောင်းသူ မနှင်းနုနုလှိုင်ကလည်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့က University Of Medicine , Mandalay မှ MBBS ဘွဲ့ကို ရရှိပိုင်ဆိုင်ခဲ့ပြီလို့ သိရပါတယ်။ အဆိုပါ ကျောင်းသူ နှစ်ယောက်ဟာ သူမတို့ရဲ့ ပညာရေးမှာ အထောက်အပံ့များစွာပေးအပ်ခဲ့တဲ့ ပြေတီဦး နဲ့ တကွ အလှူရှင်များစွာတို့ကို ကျေးဇူးတင်စာ လွှာ လေးတွေ ပေးပို့ခဲ့တာကိုလည်း ပြေတီဦးက ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။ 

Photo: Amazing Grace

ပြေတီဦး ဖောင်ဒေးရှင်း ဟာ အခုဆိုရင် ၁၁ နှစ်တာ ကာလကို ရောက်ရှိလာပြီဖြစ်ပါတယ် ။ ဖောင်ဒေးရှင်း ကိုတော့ ၂၀၀၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ပြေတီဦးဖောင်ဒေးရှင်းကနေ ဆရာဝန် (၇၄) ယောက်၊ အင်ဂျင်နီယာ(၆)ယောက်၊ ဘွဲ့ရသူ ကျောင်းသားဦးရေ (၇၀) ယောက် မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ဖောင်ဒေးရှင်းရဲ့ ပံ့ပိုးမှုနဲ့ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ အယောက် ၁၀၀ ရှိတယ်လို့လည်း ပြေတီဦးက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က