ပရိသတ်တွေကလည်း ရစေချင်နေပါပြီ။
‘’မုန်းစွဲ’’ ရုပ်ရှင်ဇာတ်ကားနဲ့ မအေးသောင်းကို အကယ်ဒမီရစေချင်ကြတဲ့ ပရိသတ်တွေကြောင့် မအေးသောင်းရဲ့ ဖခင်ဖြစ်သူ ဦးမြင့်အောင်က ရင်ခုန်နေပြီလို့ ဆိုပါတယ်။ သမီးဖြစ်သူအတွက်လည်း ဝမ်းသာမဆုံးဖြစ်နေရပါပြီ။

သရုပ်ဆောင် အေးဝတ်ရည်သောင်းအတွက် ဖခင်ဖြစ်သူ ဦးမြင့်အောင်ကတော့ ရင်ခုန်နေပြီလို့ ဆိုပါတယ်။ မအေးသောင်းကို အကယ်ဒမီရစေချင်တဲ့ ပရိသတ်တွေရှိလို့လည်း ဝမ်းသာရတယ်လို့ ရင်ဖွင့်ပြောပြထားပါတယ်။



‘’ဟာ... အကယ်ဒမီ နီးပြီနော် ဖေဖေ။ မအေးသောင်းလေးရမှာ၊ သူရပါစေနော် နဲ့ အမျိုးမျိုးတွေလာပြောကြတော့ ကြားရတာပေါ့ဗျာ။ ကျွန်တော်တကယ်ဝမ်းသာပါတယ်။ တစ်ခုတော့ရှိတယ်ဗျ။ အကယ်ဒမီ ဆိုတာ သိပ်နတ်ကြီးတာ။ မှန်းတိုင်းသာရမှာသေချာရင်လူတိုင်းမှန်းနေပြီပေါ့ဗျ’’ ဆိုပြီးတော့ မတ်လ ၆ ရက်နေ့ နေ့လယ် ၁ နာရီ မိနစ် ၅၀ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

အေးဝတ်ရည်သောင်း ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’မုန်းစွဲ’’ ရုပ်ရှင်ဇာတ်ကားဟာ အကယ်ဒမီဆန်ခါတင်စာရင်းဝင် ၂၅ ကားထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ ဒီအတွက် ရင်ခုန်နေတယ်ဆိုပေမယ့် မမျှော်မှန်းရဲဘူးလို့ ဦးမြင့်အောင်က ပြောပါတယ်။

‘’အမှန်အတိုင်းပြောရရင် ကျွန်တော်က အဲ့ပွဲမှာ ရတာမရတာထက် ခုလိုပြောနေသံတွေကိုရင်ခုန်တာဗျ။ ဘဝမှာ မျှော်လင့်ချက်နဲနဲနဲ့နေရတာ နေလို့အကောင်းဆုံးဆိုတာ နေကြည့်ရင်သိလိမ့်မယ်ဗျ။ သမီးအတွက် လက်ရှိခန့်မှန်းပေးတဲ့ အပေါ်သာယာနေတဲ့ ဖီဖီပါ။ အဲဒီနေ့ကို ကျွန်တာ် မတွေးသေးဘူးဗျ’’လို့ ဆက်လက်ရေးသားထားတာ ဖြစ်ပါတယ်။

မုန်းစွဲရုပ်ရှင်ဇာတ်ကားထဲမှာတော့ မအေးသောင်းရဲ့ ကာရိုက်တာက ကြာဥ ဆိုတဲ့ တောသူမလေး ကာရိုက်တာ ဖြစ်ပါတယ်။ ဆိုးပေတေနေတဲ့ ခင်ပွန်းကိုလည်း အသက်ပေးရလောက်တဲ့အထိ ချစ်တဲ့ကောင်မလေးပါ။ ဒီကာရိုက်တာဟာ သူမအတွက် အနုပညာအလုပ်တွေ ပြန်လုပ်တဲ့အချိန်မှာ ပထမဆုံးရိုက်ကူးခွင့်ရတဲ့ရုပ်ရှင်ကား ဖြစ်သလို စိန်ခေါ်မှုနဲ့ ကြုံလိုက်ရတဲ့ ကာရိုက်တာလည်း ဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး မအေးသောင်းက အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေ တာ တွေ့ရပါတယ်။သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်နေရသူပါ။မအေးသောင်းရဲ့ အနုပညာ သက်တမ်းကတော့ အတော်ကို ကြာနေပါပြီ။


ဆက်စပ်အကြောင်းအရာများ



က္က