CROWD ON CLOUD ဖျော်ဖြေပွဲကို မတ်လ ၂ ရက်နေ့မှာ ပြုလုပ်သွားမှာပါ။

အဆိုတော်ရဲလေးနဲ့ အတူ နောက်ထပ်အဆိုတော်များမှာ ပါဝင်မယ့် CROWD ON CLOUD ဖျော်ဖြေပွဲပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီပွဲမှာတော့ ဓာတ်ပုံကင်မရာ၊ ဗီဒီယိုကင်မရာတွေအပြင် ဖုန်းတွေနဲ့ပါ ရိုက်ကူးရေးလုပ်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Photo: YLJK

အဆိုတော်ရဲလေး တည်ထောင်ထားတဲ့ YLJK Entertainment တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မတ်လ ၂ ရက်နေ့မှာ ဖျော်ဖြေပွဲတစ်ခု လုပ်မယ်လို့ ရဲလေးက ပြောပါတယ်။ ဒီဖျော်ဖြေပွဲကိုတော့ CROWD ON CLOUD လို့ နာမည်ပေးထားပြီး မြန်မာပလာဇာ ၄ လွှာမှာရှိတဲ့ Hard Rock မှာ ပြုလုပ်သွားမှာပါ။

‘’နေ့လည် (၁) နာရီမခွဲခင်အရောက်လာပေးကြပါခင်ဗျ။ (၂)နာရီအတိမှာပွဲကိုစတင်ပါမယ်။ ကျွန်တော်တိုရဲ ့တင်ဆက်မှုက(၃)နာရီကြာမြင့်ပါမယ်။ ပရိသတ်များအိမ်အပြန် နောက်မကျစေမယ့်အချိန်တစ်ခု ကို သတ်မှတ်ပြီး ပွဲလေးကို အလှဆုံး နဲ့အမှတ်တရဖြစ်အောင် အဆုံးသတ်မှာပါ’’ လို့ သူကဆိုပါတယ်။

Photo: Paradise

CROWD ON CLOUD ဖျော်ဖြေပွဲကို လူဦးရေ ကန့်သတ်ထားတယ်လို့ ရဲလေးက ပြောပါတယ်။ ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် ဖက်ရှင်မျိုးတွေသာ ဝတ်ဆင်လာဖို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၉ နာရီကျော်က YLJK Entertainment Page မှာ ရေးသားခဲ့ပါတယ်။ 

‘’Hard Rock ထဲမှာ လူပြည့်ဖို့သေချာသလောက်ဖြစ်နေပြီဖြစ်တဲ့အတွက် အပူသက်သာမယ့် ပေါ့ပေါ့ပါးပါးဖြစ်မယ့် ချွေးထွက်သက်သာမယ့်Fashion ကို သာဝတ်လာကြပါလို့၊ အိမ်ကနေ နေ့လည်စာဝါးတီး ကို အဝကြိတ်လာဖို့တိုက်တွန်းပါရစေ’’လို့ ဆိုပါတယ်။

Photo: YLJK

ရဲလေး နဲ့ အတူ နောက်ထပ် အဆိုတော်များစွာတို့ ကလည်း CROWD ON CLOUD ဖျော်ဖြေပွဲမှာ ပါဝင်သီဆိုသွားမယ်လို့ သိရပါတယ်။ ဒီပွဲကိုတော့ ဖုန်းနဲ့ ဓာတ်ပုံသာ ရိုက်ခွင့်ပြုမှာဖြစ်ပြီး ဗီဒီယိုကင်မရာတွေ၊ ဓာတ်ပုံကင်မရာတွေနဲ့ ရိုက်ကူးရေးလုပ်ခွင့်ပြုထားမယ်လို့ သိရပါတယ်။ 

‘’ကျွန်တော်တို့ဒီပွဲလေးကိုတစ်နိုင်ငံလုံးမှာရှိတဲ့ပရိသတ်တွေအတွက်qualityကောင်းကောင်းနဲ့ပြန်ခံစားကြည့် ရှုနိုင်အောင် အခွေဖြစ်ဖြစ် Line ပေါ်မှာပဲဖြစ်ဖြစ် တင်ဆက်သွားဖို့ရှိပါတယ် အာ့ဒါကြောင့် Pro ဖြစ်တဲ့Video Camera , ဓါတ်ပုံ Camera အကြီးစားများကို show ပွဲအတွင်းသို့ မည်သည့်တစ်ဦးတစ်ယောက်မျှ ယူဆောင်လို့ရမည်မဟုတ်ပါ ခင်ဗျာ’’ ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့ပါတယ်။

photo: Thein Than Oo

အနုပညာ နဲ့ ပတ်သက်လာရင် ဂီတအပိုင်းမှာလည်း အောင်မြင်မှုတွေရရှိခဲ့သလို၊ သရုပ်ဆောင် ပိုင်းမှာလည်း ပရိသတ် လက်ခံ အားပေးလျှက်ရှိတဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း တော်တော်ကြာနေပြီဖြစ်ပါတယ်။ ရဲလေးက ဟိုအရင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့သလို ဒီနေ့အချိန်ထိလည်း ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။



က္က