ရက်ပေါင်း (၆၉) ရက်ကြာတယ်လို့ ဆိုပါတယ်။

ချစ်သုဝေဟာ ခေတ်သစ်ဖောင်ဒေးရှင်းကနေတဆင့် ပညာရေးအတွက်ကိုပါ တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ 

Photo: Chit Thu Wai



ချစ်သုဝေကတော့ ၂၀၂၀ ခုနှစ်အတွင်း ပညာရေးဆိုင်ရာ ကူညီမှုအတွက် ကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းထားတယ်လို့ Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အခုဆိုရင်တော့ ဒီကျောင်းလေးဆောက်လို့ ပြီးပြီဆိုတာကို ဝမ်းသာအားရ ပြောပြလာပါတယ်။ 

" ရက်ပေါင်း (၆၉) ရက်ကြာတဲ့အခါမှာ ဒီလိုကျောင်းဆောင်လေးပေါ်လာရော ဖောင်ဒေးရှင်းကိုယုံကြည်ကြတဲ့ စေတနာရှင်တွေနဲ့ တစ်ကယ့်ကို စည်းလုံးတဲ့ဒေသခံတွေရဲ့ အားသာမပါရင် အချိန်တိုအတွင်း ဒီလောက်ကောင်းမွန်သပ်ရပ်တာမျိုးပေါ်လာနိုင်စရာအကြောင်းမရှိပါဘူး။ ရေဝပ်ဧရိယာကို မြေဖို့ပြီးပြီဆိုတော့ ဘောလုံးကွင်းထပ်ထည့်မယ်။ ကလေးကစားကွင်းလေးတွေထည့်ပေးမယ်။ ကျောင်းပတ်လည်မှာ အရိပ်ရပင်လေးတွေလည်း စိုက်ထားပြီးပြီ။ လျှောက်လမ်းလေးလည်း သပ်သပ်ရပ်ရပ်ထပ်လုပ်ဦးမယ်" ဆိုပြီးတော့ ဇွန်လ ၁၈ ရက်နေ့ ည ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Pro Stutio

ချစ်သုဝေဟာ ကျောင်းတွေ ပြန်ဖွင့်ရင် ကောင်းကောင်းမွန်မွန်စာသင်ကြားနိုင်မယ့် ကလေးလေးတွေ အတွက် စိတ်ကူးနဲ့တင် ပီတိဖြစ်နေတာကို တွေ့ရပါတယ်။ ကျောင်းဆောက်နေစဉ်အတွင်းမှာ ကူညီပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောလာပါတယ်။ 

" ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ သရက်လှကျေးရွာအတွက် စာသင်ကျောင်းအလှူလေးအထမြောက်ဖို့အနည်းငယ်သာဖြည့်စွက်ရပါတော့မယ်။ ကျောင်းတွေဖွင့်တဲ့အခါ ကျောင်းဝတ်စုံလေးတွေကိုယ်စီဝတ်ပီး အနာဂတ်မှာအားကိုးရမယ့် နိုင်ငံ့သားကောင်းလေးတွေ အေးချမ်းလုံခြုံစွာ၊ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ပါတော့မယ်။ ခေတ်သစ်ဖောင်ဒေးရှင်းလည်း လိုအပ်တဲ့နေရာတွေကို ဒီ့ထက်မက ကူညီနိုင်ပါစေ ။ စေတနာရှင်အလှူရှင်များ ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ" ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Chit Thu Wai

ချစ်သုဝေဟာ လက်ရှိမှာ ပညာရေးသံတမန် တစ်ဦးအဖြစ် ဆောင်ရွက်နေရတာ ဖြစ်ပြီး ကလေးတိုင်းကိုလည်း ပညာရဲရင့်ပွဲလယ်တင့်စေဖို့အတွက် ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။ သူမက ခင်ပွန်းဖြစ်သူ အဆိုတော် လင်းလင်းနဲ့ အတူ ခေတ်သစ်ဖောင်ဒေးရှင်း ထူထောင်ပြီး ပရဟိတ လုပ်ငန်းတွေ၊ မွေးရာပါ နှလုံးရောဂါဖြစ်နေတဲ့ ကလေးငယ်လေးတွေကိုလည်း ဆေးကုသပေးလျှက်ရှိပါတယ်။ COVID-19 ကာလမှာလည်း ခေတ်သစ်ဖောင်ဒေးရှင်း အနေနဲ့ စားဝတ်နေရေး အဆင်မပြေတဲ့ မိသားစုတွေအတွက် စားနပ်ရိက္ခာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ကြတာလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က