ရှင်သန်ရေး ကူညီမှု အသင်းနဲ့ သွားလှူခဲ့တာပါ။

သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်က ဒီနေ့မှာ သောက်သုံးရေလိုအပ်နေတဲ့ နေရာတွေမှာ သောက်သုံးရေ သွားလှူခဲ့ပါတယ်။

Photo : ထွန်းအိန္ဒြာဗိုလ်

ထွန်းအိန္ဒြာဗိုလ်က ဒီနေ့(ဧပြီ၁၉ရက်)မှာ မိသားစု ၊ မိတ်ဆွေနဲ့ ရှင်သန်ရေးကူညီမှုအသင်းနဲ့အတူ သောက်သုံးရေ လိုအပ်နေတဲ့ နေရာတွေမှာ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ “ရေ လိုအပ်တဲ့နေရာတွေမှာ သွားလှူကြတာပါ “ ဆိုပြီး ဧပြီ(၁၉) ရက်နေ့မှာ ထွန်းအိန္ဒြာဗိုလ်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ထွန်းအိန္ဒြာဗိုလ်

ထွန်းအိန္ဒြာဗိုလ်နဲ့ ရှင်သန်ရေးကူညီမှုအသင်းတို့ဟာ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်မှာ သွားရောက်လှူဒါန်းခဲ့ကြတာ ဖြစ်ပြီး သူတို့ရဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း အမျှပေးဝေထားကြပါသေးတယ်။ ထွန်းအိန္ဒြာဗိုလ်ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူပါ။ လက်ရှိမှာ သူမဟာ ဇာတ်ကားရိုက်ကူးတွေ နားထားကာ သားလေးအတွက် အချိန်ပေးဖြစ်နေတာ တွေ့ရပါတယ်။

Photo : ထွန်းအိန္ဒြာဗိုလ်

သူမ ဟာ ဂီတဘက်မှာလည်း အောင်မြင်တဲ့ နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်မှာလည်း အကယ်ဒမီဆုတွေနဲ့ ထူးချွန်သူ တစ်ယောက် ဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုလ်ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်မှာ "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။



က္က