သင်ဇာဝင့်ကျော်နဲ့ အတူသွားဖို့လုပ်ထားတဲ့ ခရီးစဉ်ဖြစ်ပါတယ်။
Sabal Thwin

တိုင်ရွန်ဟာ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့အတူ ရိုက်ကူးမယ့် ဥရောပ နိုင်ငံတွေကို ခရီးထွက်မယ့် အစီအစဉ်မှာ မပါဝင်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။ ဒီအစီအစဉ်ကို ၂၀၂၀ ခုနှစ် နှစ်အစမှာ ရိုက်ကူးဖို့လည်း စီစဉ်ထားကြတယ်လို့ သိရပါတယ်။

တိုင်ရွန်ကတော့ ၂၀၂၀ ခုနှစ်မှာ ရိုက်မယ့် Europe နိုင်ငံတွေကို ခရီးသွားမယ့် အစီအစဉ်မှာ မပါဝင်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။ ဒီအစီအစဉ်မှာ သူနဲ့အတူ သင်ဇာဝင့်ကျော်လည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

“1 လပိုင်း Europe ခရီးစဉ် ရိုက်ကူးရေး မပါဝင်ဖြစ်တော့ပါ တခြားအလုပ်များ ပြန်လည်လက်ခံ ရိုက်ကူးသွားပါမည်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့ည ၇ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ Europe ခရီးစဉ်မှာတော့ သင်ဇာဝင့်ကျော်နဲ့ တိုင်ရွန်တို့အပြင် The Travellers အဖွဲ့သားတွေလည်း ပါဝင်သွားမယ်ဆိုတာကို နိုဝင်ဘာလ ၁၉ ရက်နေ့က Orchid Hotel မှာ စာနယ်ဇင်းအသိပေးပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo: tyron bejay

တိုင်ရွန်ဟာ “The Travellers” အစီအစဉ်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတာဖြစ်ပြီး ဒီခရီးစဉ်မှာ စိတ်ဝင်စားစရာတွေ ရှိလာဖို့ မျှော်လင့်တယ်ဆိုတာကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ Europe ခရီးစဉ်ကိုလည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်းမှာ စတင်မယ်လို့လည်း သိရပါတယ်။ ဒီခရီးစဉ်ကိုတော့ Passionate Traveller ကုမ္မဏီက စီစဉ်ရိုက်ကူးတာဖြစ်ပြီး ဥရောပနိုင်ငံတွေထဲကမှ Turkey ၊ Georgia ၊ Armenia ၊ Azerbaijan စတဲ့ နေရာတွေကို သွားရောက်လည်ပတ်မယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ကိုလည်း Mntv ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က