အားလုံး အေးဆေးပါပဲတဲ့။

သရုပ်ဆောင် ဖွေးဖွေးတစ်ယောက် ကားအက်ဆီးဒင့် ဖြစ်တယ်ဆိုတဲ့ သတင်းကြောင့် ဖွေးဖွေးရဲ့ ပရိသတ်တွေ စိတ်ပူလို့ နေကြပါတယ်။ ဖွေးဖွေးသတင်းနဲ့ ပတ်သက်ပြီး အသေးစိတ် ဘယ်မီဒီယာကမှ ဖော်ပြထားခြင်း မရှိပေမယ့် နီးစပ်ရာ အနုပညာအသိုင်းအဝိုင်းက လူတွေကတော့ ဖွေးဖွေးတစ်ယောက် ဘာမှမဖြစ်ဘူးလို့ ပြောထားတာတွေလည်း ရှိပါတယ်။

သရုပ်ဆောင် ဖွေးဖွေးဟာ မတ်လ(၁၀)ရက်နေ့က ဆရာစံလမ်းမှာ ကားအက်ဆီးဒင့်ဖြစ်ခဲ့တယ်ဆိုပြီး လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ သတင်းတွေ ပြန့်လို့နေပါတယ်။ အဆိုပါသတင်းကြောင့် ဖွေးဖွေးရဲ့ ပရိသတ်တွေ စိတ်ပူနေကြပြီး ဖွေးတစ်ယောက် ဘာမှမဖြစ်ဖို့ကိုလည်း ဆုတောင်းပေးထားကြပါသေးတယ်။



ဖွေးဖွေးရဲ့သတင်းနဲ့ ပတ်သက်ပြီး စိတ်ပူနေကြတဲ့ ပရိသတ်တွေကို ဖွေးဖွေးရဲ့ အဖေက စိတ်မပူဖို့ သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ယခုလို ပြောထားပါတယ်။

“စိတ်ပူပေးကြသူများအတွက်အားလုံးကျန်းကျန်းမာမာ အေးအေးဆေးဆေးပါ Messenger နားထားပါတယ်ဗျဖြေရတာမောလွန်လွန်းလို့စ်” ဆိုပြီး မတ်လ(၁၂) ရက်နေ့ နေ့လည်(၃)နာရီက ဖွေးဖွေး ဖခင်ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာ ဖြစ်ပါတယ်။

စိတ်မပူပေးကြဖို့အတွက် ပြောရင်းဖွေးဖွေးရဲ့ ပုံလေးကိုပါ တင်ထားပါသေးတယ်။ ပရိသတ်တွေကလည်း ဖွေးဖွေးပုံလေးမြင်မှ စိတ်ချမ်းသာသွားကြပါတယ်။

Photo : Amazing Grace

ဖွေးဖွေးက ၂၀၁၈ခုနှစ်အတွက် ကျင်းပပြုလုပ်မယ့် အကယ်ဒမီပေးပွဲမှာ အမျိုးသမီးဇာတ်ဆောင်ဆုနေရာမှာ တစ်ပြေးနေသူလည်း ဖြစ်ပါတယ်။ ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူပါ။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က