သူမ စိတ်ဓာတ်ကျခါနီးတိုင်း မြင်မိတဲ့သူပါတဲ့။

ခရစ္စတီးနားခီက သူမအတွက် စိတ်ခွန်အားဖြစ်စေသူကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ခင်ပွန်းဖြစ်သူကလည်း သူမအတွက် အားကိုးစရာ ဖြစ်ခဲ့ပါတယ်တဲ့။

Photo: ခရစ္စတီးနားခီ



ဒါရိုက်တာ ခရစ္စတီးနားခီဟာ သူမကိုယ်တိုင် စိတ်ဓာတ်ကျစရာတွေရှိရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ပြီး အားတင်းတယ်လို့ ဆိုပါတယ်။

‘’အလုပ်နဲ့ဘဝကို attachment ခွဲခြား ကွဲပြားစွာ နေနိုင်မှသာ ဒီနိုင်ငံမှာ ဒီလို ကြည်လင်စွာပြုံးနိုင်ပါလိမ့်မယ်။ အမြဲတမ်း ယောင်္ကျားကလည်း သတိပေးသလို ကိုယ်တိုင်လည်း စိတ်ဓါတ်ကျခါနီးတိုင်း အမေစုကို အမြဲမြင်ပြီး ဘာမှမဟုတ်သေးဘူးလို့သတိပေးမိ အားပြန်တင်းရင်းနဲ့သာ ပတ်ချာလည်နေမိ’’ ဆိုပြီးတော့ ဇူလိုင်လ ၁၃ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: ခရစ္စတီးနားခီ

ဒါရိုက်တာ ခရစ္စတီးနားခီက လက်ရှိမှာ အောင်မြင်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်လို့နေပါပြီ။ ဒီလောကထဲကို စတင်ဝင်ရောက်ခဲ့စဉ်က ရုပ်ရှင်ကို ပေါ်ပင်လုပ်ပြီး ရိုက်တယ်ဆိုတဲ့ စကားတွေလည်း ရှိခဲ့တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’လမ်းကြောင်း နှစ်ခုရှိနေတဲ့ အထဲမှာမှ ကိုယ်က နောက်ထပ် လမ်းကြောင်းတစ်ခုအနေနဲ့ ရပ်တည်နေရတယ်။ ရပ်တည်နေတဲ့အချိန်မှာ ပရိသတ်က ရုပ်ရှင်ကို လာထွက်ကြည့်တယ်။ အမှန်အတိုင်းပြောရရင် နှစ်အစလောက်ကဆိုတော့ အစ်မတို့ရုပ်ရှင်တွေကို မေ့သွားပြီ၊ တချို့ကဆိုရင် ပေါ်ပင်လို့တောင် ထင်ကြတယ်ပေါ့နော်။ အစ်မတို့ နှစ်ယောက်က ရုပ်ရှင်တွေကို ပေါ်ပင်အနေနဲ့ ထပြီးတော့ ဖြစ်တယ်လို့ထင်ပေမယ့် အကယ်ဒမီ ပေးပွဲလည်းရောက်ရော၊ အစ်မတု့ိက ပေါ်ပင်မဟုတ်ဘူးလို့ ထွက်ပြောပြပေးတဲ့အတွက် အစ်မတို့လည်း အလုပ်လုပ်ရတာ ပိုပြီးတော့ အဆင်ပြေလာတယ်’’ လို့ ဆိုပါတယ်။

Photo: ခရစ္စတီးနားခီ

ခရစ္စတီးနားခီကိုတော့ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ကားကြီးရဲ့ ပုံဖော်သူ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ‘’မုုဒြာရဲ့ ခေါ်သံ’’ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသပြီးချိန်မှာတော့ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ‘’Now & Ever’’ ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ သူမဟာ အနုပညာနဲ့ ပတ်သက်လာရင် ဒါရိုက်တာ တစ်ယောက်အဖြစ်သာမက မြန်မာအက ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ကပြနိုင်သူ တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က