အရင်ကအတိုင်းပါပဲတဲ့။
ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ ထက်ထက်မိုးဦးက ဒွေးနဲ့ပတ်သက်လို့ သူ့ရဲ့ ခံစားချက်လေးကို ရင်ဖွင့်ထားတာ တွေ့ရပါတယ်။

Photo : Hmone shwe yi



သရုပ်ဆောင် ထက်ထက်မိုးဦးက သူနဲ့ မွေးလတူတဲ့ အနုပညာမောင်နှမဖြစ်တဲ့ ကိုသားကြီး(ခ)ဒွေးကို အခုထက်ထိ မေ့မရဖြစ်နေတယ်လို့ ဆိုပါတယ်။ မေလမှာ မွေးတဲ့ သူတို့နှစ်ဦးရဲ့ မွေးရက်ကလည်း ရှေ့ဆင့် နောက်ဆင့်ပါပဲ။ ဒွေးရဲ့ မွေးနေ့က (၇) ရက်ဖြစ်ပြီး ထက်ထက်မိုးဦးရဲ့ မွေးနေ့က (၈) ရက်နေ့ပါတဲ့။

“အစ်ကို"က ခုနစ်ရက်နေ့ "တို့" က ရှစ်ရက်နေ့ တကယ်မမေ့ဘူး အရင်တိုင်းပဲ” ဆိုပြီး မေလ(၈) ရက်နေ့က ထက်ထက်မိုးဦးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : Hmone shwe yi

ထက်ထက်မိုးဦးက သူမရဲ့ ခံစားချက်လေးကို ပြောရင်း ဒွေးနဲ့အတူ ရိုက်ထားတဲ့ ပုံလေးကိုလည်း တင်ထားပါသေးတယ်။ ထက်ထက်မိုးဦးက လက်ရှိမှာ အနုပညာအလုပ်တွေအပြင် ဘုရား၊ တရားလည်း ပိုလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမ ပါဝင် သရုပ်ဆောင် ထားတဲ့ ရှယ်ချွေးမရုပ်ရှင်ဇာတ်ကားကြီးကို စိန်ေဋ္ဌးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာပါ။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ကိုဇော်(အရုဏ် ဦး) က ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်ရန်အောင်၊ အောင်ရဲလင်း၊ စိုးမြတ်သူဇာ၊ ထက်ထက်မိုးဦး နဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်ခဲ့တာဖြစ်ပါတယ်။

Photo : Hmone shwe yi

သူမဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။

Photo : Hmone shwe yi

အဲဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က