ပထမဆုံးအတူတူရိုက်ခဲ့တဲ့ ဇာတ်ကားလေးအကြောင်းပြောလာပါတယ်။

စိုးပြည့်သဇင်က သရုပ်ဆောင် ဒွေးနဲ့ ပထမဆုံးအတူ ရိုက်ကူးခဲ့တဲ့ ‘’ပန်းပွင့်တွေရဲ့နေ့ ဓားသွားတွေရဲ့ည’’ ဗီဒီယိုဇာတ်ကားထဲက အမှတ်တရတွေကို ပြောပြလာပါတယ်။

Photo: Soe Pyae Thazin

စိုးပြည့်သဇင်က အနုပညာလောကထဲကို စတင်ဝင်ရောက်လာချိန်မှာ သရုပ်ဆောင် ဒွေးနဲ့ ပထမဆုံး အနုပညာအလုပ် အတူတူလုပ်ခွင့်ရခဲ့တဲ့ အမှတ်တရကို ပြောလာပါတယ်။ သူတို့ နှစ်ယောက်ဟာ ‘’ပန်းပွင့်တွေရဲ့နေ့ ဓားသွားတွေရဲ့ည’’ ဆိုတဲ့ ဗီဒီယို ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ 

"ပန်းပွင့်တွေရဲ့နေ့ဓါးသွားတွေရဲ့ည"ဒီကားလေးက ကိုယ့်ရဲ့ဒုတိယမြောက်ကားလေး ဒါရိုက်တာက ကိုညိုမင်းလွင် ဦးသားကြီးနဲ့ကလည်း ပထမဦးဆုံးနဲ့ နောက်ဆုံးရိုက်ဖူးခဲ့တဲ့ကားလေး။ အဲ့တုန်းက မေမြို့ကိုလည်း ပထမဦးဆုံးရောက်ဖူးခဲ့တာ အဲဒီဇာတ်ကားမှ ာမမဒါလည်းပါတယ်။ စိုးပြည့်ကတယောထိုးတဲ့ကောင်မလေး"မေ"ဆိုတဲ့ကောင်မလေးပေါ့။ အဲဒီကားရိုက်တော့ ကိုယ့်အသက် ၁၄ နှစ် ၈တန်းကျောင်းသူပေါ့။ တယောထိုးတဲ့အခန်းရိုက်ဖို့ တောင်ငူမှာတယောထိုးတဲ့ပုံစံလေး တူအောင်သင်ခဲ့ရသေးတာ အမှတ်တရလေးဘဲ။ ခုပရိသတ်တစ်ယောက်က ပုံလေးတွေပို့လို့ပြန်သတိရပြီး အမှတ်တရလေးတင်လိုက်တာ" လို့ ဧပြီလ ၁၀ ရက်နေ့ ည ၈ နာရီ မိနစ် ၅၀ အချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Soe Pyae Thazin

အဲဒီနောက် ဇာတ်ဝင်ခန်း အမှတ်တရ ပုံလေးတွေလည်း တင်ခဲ့ပါသေးတယ်။ ‘’ ပန်းပွင့်တွေရဲ့နေ့ ဓားသွားတွေရဲ့ည’’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဒွေး၊ သားညီ၊ ဖိုးကျော်၊ ဇွဲနိုင်ဝင်း၊ စိုးမြတ်နန္ဒာနဲ့ စိုးပြည့်သဇင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရွှေမျက်ဝန်း ဗီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ်ဖြန့်ချိခဲ့တာပါ။ ပရိသတ်အားပေးမှု အများကြီးရခဲ့တဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။

Photo:Aye Zaw Moe

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီ ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာအလုပ်တွေလုပ်ခဲ့သူပါ။ စိုးပြည့် အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားက "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ပါ။ သီချင်းနဲ့ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။

Photo: Soe Pyae Thazin

စိုးပြည့်သဇင်က အခုဆိုရင် ရန်ကုန်တက္ကသိုလ် မြန်မာစာ(အဝေးသင်) နောက်ဆုံးနှစ်စာမေးပွဲ ကိုအောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေသူပါ။ လက်ရှိမှာတော့ ‘’လူးလူးစိန်’’ရုပ်သံဇာတ်လမ်းတွဲလေးကို သရုပ်ဆောင် ကျော်ကျော်၊ သူရထူး တို့နဲ့ ရိုက်ကူးနေတာ တွေ့ရပါတယ်။ 



က္က