ခြေထောက်အရိုးမဆက်သေးဘူးတဲ့။
Ei Ei Myat

သိန်းလင်းစိုးက ရိုက်ကူးရေး လုပ်ရင်း ခြေထောက်ကျိုးသွားခဲ့တာ ဖြစ်ပါတယ်။ "ငါတို့သည်" ရုပ်ရှင်ဇာတ်ကားရိုက်ရင်း ဖြစ်သွားခဲ့တာပါ။

Photo : သိန်းလင်းစိုး

သရုပ်ဆောင် သိန်းလင်းစိုးကတော့ ဇာတ်ကား ရိုက်ကူးရင်း ခြေထောက်ကျိုးသွားခဲ့တာ အခုထိ မသက်သာသေးဘူးလို့ ဆိုပါတယ်။ အရိုးမဆက်

သေးတာကြောင့် ဆရာဝန်က ကျောက်ပတ်တီးစည်းပြီး (၂)လလောက် ထပ်နေရမယ်လို့ ပြောပါတယ်။ သိန်းလင်းစိုးကတော့ ရိုက်ကူးရေးတွေ

(၂)လလောက် ထပ်နားရမှာမို့လို့ စိတ်မကောင်းဖြစ်လို့နေပါတယ်။

"ဆရာဝန်က ပြောတယ် အရိုးမဆက်သေးဘူး။ ကျောက်ပတ်တီးအသစ်လေးနဲ့ ၂ လနားတဲ့။ နားလိုက်ရတဲ့ရိုက်ကူးရေးတွေ ဖျက်လိုက်ရတဲ့ ရုပ်ရှင်ကားရိုက်တွေအတွက် တာဝန်ရှိတဲ့သူတွေကို တောင်းပန်ပါတယ်ဆိုတဲ့ စကားကလွဲပြီး ဘာမှမပြောတတ်တော့ပါဘူး" ဆိုပြီး ဇူလိုင်(၂၉) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : တိုင်ရွန်

သိန်းလင်းစိုးက ရုပ်ရှင်ရိုက်ကူးနေရင်း ရိုက်ကွင်းပေါ်မှာ ခြေထောက်ကျိုးသွားခဲ့တာ ဖြစ်ပါတယ်။ သိန်းလင်းစိုးတစ်ယောက် ခြေထောက်ကျိုး

သွားချိန်မှာလည်း သူနဲ့အတူ သရုပ်ဆောင်နေတဲ့ တိုင်ရွန်က စိတ်မကောင်းကြောင်း ဇူလိုင်(၁၄) ရက်နေ့ သူ့ရဲ့ ဖေ့စ်ဘွတ် Story မှာ ရေး

သားထားတာတွေ့ရပါတယ်။

‘’ဒီဇာတ်ကားကတော့ တကယ်ကို အမှတ်တရနဲ့ အသေအပင်ပန်းဆုံးပါပဲ။ တောထဲ တောင်ထဲရိုက်ရတာ သေမလိုဘဲ။ အခုလည်း ကိုသိန်း ခြေထောက်ကျိုးသွားပြီ’’ ဆိုပြီး ပြောထားတာပါ။

Photo : သိန်းလင်းစိုး

သိန်းလင်းစိုးဟာ ‘’ငါတို့သည်’’ရုပ်ရှင်ဇာတ်ကားထဲမှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက် ကာရိုက်တာအဖြစ် ပါဝင်သရုပ်ဆောင်နေသူပါ။ ဒီဇာတ်ကားထဲမှာလည်း သိန်းလင်းစိုး၊ တိုင်ရွန်တို့နဲ့အတူ ခါရာ၊ အလင်းရောင်၊ ထွန်းကိုကို၊ နေထက်လင်း၊ နေမျိုးအောင်၊ နေရဲ၊ ရွှေသမီး၊ ရွှေပိုးအိမ်နဲ့ လမင်းကဗျာတို့က အဓိက ဇာတ်ဆောင်များအဖြစ် ပါဝင်သရုပ်ဆောင်နေကြတာပါ။ ဒီဇာတ်ကားကိုတော့ ပြင်ဦးလွင်မှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Photo : သိန်းလင်းစိုး

သိန်းလင်းစိုးကတော့ ဂီတလောကမှာ အောင်မြင်လျှက်ရှိပေမယ့် ဝါသနာပါတဲ့ သရုပ်ဆောင်ဘက်မှာတော့ ကြိုးစားနေသူ တစ်ယောက်ပါ။ ဒါပေမယ့် သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကြောင့် သီချင်းတွေဆိုတာထက် ဇာတ်ကားရိုက်ကူးရေးတွေ များလာတာကိုလည်း တွေ့ရပါတယ်။ တိုင်ရွန်ကလည်း မော်ဒယ်လောက ကနေ သရုပ်ဆောင် တစ်ယောက်ဖြစ်လာသူပါ။ သူကလည်း အခုချိန်မှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသူဖြစ်ပြီး ပရိသတ်အခိုင်အမာ ရရှိလာပြီဖြစ်တဲ့ မင်းသားတစ်ယောက်ဖြစ်လို့နေပါပြီ။


က္က