Tokyo Marathon မှာ မြန်မာကိုယ်စားပြုအဖြစ် ပြိုင်ရမှာတဲ့။

ဘောလုံးသမားဘဝကတည်းက ရရှိခဲ့တဲ့ ခြေထောက်ဒဏ်ရာကြောင့် အောင်မြင့်မြတ်တစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်လို့နေပါတယ်။ မကြာခင်မှာ Tokyo Marathon 2019 ပွဲမှာ မြန်မာကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Photo : အောင်မြင့်မြတ်



သရုပ်ဆောင် အောင်မြင့်မြတ်က မတ်လ(၃) ရက်နေ့မှာ ကျင်းပမယ့် Tokyo Marathon 2019 မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။ ဒါပေမယ့်လည်း လက်ရှိမှာ သူ့ရဲ့ ခြေထောက်ဒဏ်ရာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတယ်လို့ ဆိုပါတယ်။

ကျွန်တော့်ကို စိတ်ဒုက္ခအပေးနိုင်ဆုံးအရာကိုပြပါဆို ကျွန်တော့်ခြေကျင်းဝတ်နှစ်ဖက်က ဒဏ်ရာတွေကိုပြရမှာပဲ လွန်ခဲ့တဲ့၂နှစ်ကျော်တုန်းက ဘောလုံးကန်ရင်း ဘယ်ဘက်ခြေကျင်းဝတ်အရွတ်ပြဲဖူးတယ် .. ပြန်ကောင်းပြီးသိပ်မကြာဘူး ဘောလုံးကွင်းထဲမှာပဲ ညာဘက်ခြေကျင်းဝတ်အရွတ်ပြဲ ပြီးအရိုးပါကျိုးခဲ့ရတယ် ကျောက်ပတ်တီးစီးပြီး ၁နှစ်လောက်ငုတ်တုတ်. ပြန်ကောင်းလာတော့ လေ့ကျင့်ခန်းတွေပြန်လုပ်ပြီး ဘောလုံးပြန်ကန်နိုင်ခဲ့ပေမယ့် အခုချိန်ထိ ကိုယ့်ရဲ့အကောင်းဆုံးပုံစံပြန်ရအောင် ကြိုးစားနေရတုန်း တစ်ခါတစ်လေ ကွင်းထဲမှာ ပြေးလွှားနေနိုင်ဖို့တောင် တော်တော်ရုန်းကန်ခဲ့ရတယ်။ ခုလဲ စိတ်ဒုက္ခထပ်ပေးနေပြန်ပြီ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၂၈) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : အောင်မြင့်မြတ်

ဘာပဲဖြစ်ဖြစ် Tokyo Marathon ပွဲမှာ မြန်မာကိုယ်စားပြုအနေနဲ့ ရအောင်ပြေးမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားတင်းစကား ပြန်ပြောထားပါသေးတယ်။

“ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော် Tokyo Marathon ကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ရအောင်ပြေးခဲ့မယ် ။အရင်အချိန်တွေတုန်းကလိုပဲ အဆင်ပြေပြေကျော်ဖြတ်နိုင်မှာပါ နော် စိတ်ညစ်တိုင်း ကိုယ့်ကိုယ်ကို အားပေးမိတာက "လွယ်ရင်လူတိုင်းဖြစ်နေမှာပေါ့ " ဆိုတဲ့စကားပဲ .” ဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။

Photo : အောင်မြင့်မြတ်

ပရိသတ်တွေကလည်း အောင်မြင့်မြတ်အတွက် အားပေးစကားတွေေ ပြာထားကြပါတယ်။ အောင်မြင့်မြတ်ဟာ မတ်လ(၃) ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပြုလုပ်မယ့် Tokyo Marathon 2019 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် ဒီနေ့(ဖေဖော်ဝါရီ ၂၈ရက်) မှာ ရန်ကုန်ကနေထွက်ခွာမှာလို့ သိရပါတယ်။

အောင်မြင့်မြတ်(Aung Myint Myat) ကိုတော့ ၂၀၁၈ ခုနှစ် အတွင်းက ရုံတင်ပြသခဲ့တဲ့‘’ဥပါတံမျဉ်’’ ရုပ်ရှင်ဇာတ်ကားကြီး ကနေ ပရိသတ်တွေ စတင်သိရှိလာခဲ့ပါတယ်။ ‘’ဥပါတံမျဉ်’’ဇာတ်ကားထဲမှာ "သိန်းစိုး" ဇာတ်ကောင်နေရာကနေ အောင်မြင့်မြတ်က ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က