အရေးပေါ် ခွဲစိတ်ကုသမှုတွေ လုပ်ပေးထားပါတယ်။

ခိုင်နှင်းဝေကတော့ အရေးပေါ် ဆေးရုံတက် ဆေးကုသမှုခံယူခဲ့ရတဲ့ သမီးငယ်လေးအတွက် ဝမ်းနည်းပူဆွေးလို့နေပါတယ်။ သမီးလေးကတော့ ခြေထောက်အရိုးကျိုးခဲ့ဖူးတဲ့ ဒဏ်တွေကြောင့် အရမ်းငိုနေရရှာတယ်လို့ ဆိုပါတယ်။

Photo: Khine Hnin Wai


သရုပ်ဆောင် ခိုင်နှင်းဝေဟာ ‘’ခိုင်နှင်းဝေ ရင်သွေးလေးများ ရိပ်မြုံ’’မှာ မွေးစားထားတဲ့ သမီးလေးတစ်ယောက်က အရေးပေါ် ဆေးရုံတက်ထားရတယ်လို့ ဆိုပါတယ်။ ဒီ သမီးလေးဟာ ခြေထောက်အရိုးကျိုးထားတဲ့ ဒဏ်တွေ ခံစားနေရပါတယ်တဲ့။

‘’သမီးလေး ခိုင်ညမိုးမေ ခြေထောက်အရိုးကျိုးပြီးကျီးပေါင်းလိုဖြစ်နေလို့ ကျောက်ပတ်တီးစည်းပြီးဆေးကုသမှုခံယူနေရပါတယ်ရှင်။ သမီးလေးကျွန်မဆီစရောက်တော့ ၇လအရွယ်ရှိနေပါပြီ။ အကြောင်းကြောင်းကြောင့် မိဘတွေမရှိတော့တဲ့သမီးလေးကိုသွားခေါ်တုန်းကလည်း သမီးလေး ခြေထောက်ကျိုးထားကြောင်းမသိခဲ့ရပါဘူး။ ခြေထောက်မှာ အလုံးမာမာကြီး တစ်လုံးထွက်လာလို့ဆေးရုံပြ ဓာတ်မှန်ရိုက်၊ လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်တော့ မှခြေထောက်ကျိုးထားမှန်းသိရတာပါ. ကျိုးထားတဲ့နေရာကပြန်တောင်ဆက်နေပြီ... ပြန်ဆက်နေတဲ့နေရာကနေ အရိုးကငေါပြီးကျီးပေါင်းလိုဖြစ်နေတာပါ’’ ဆိုပြီးတော့ သြဂုတ်လ ၂၄ ရက်နေ့

Photo: Khine Hnin Wai

အဲဒီနောက်မှာတော့ သြဂုတ်လ ၂၄ ရက်နေ့မှာပဲ သမီးလေး ခိုင်ညမိုးမေ ရဲ့ ခြေထောက်ကို ခွဲစိတ်ပေးလိုက်တယ်လို့ ခိုင်နှင်းဝေက ပြောပါတယ်။ အရမ်း လိမ္မာတဲ့ ကလေးဖြစ်လို့ သူမကိုယ်တိုင်ကလည်း အရမ်းကို စိတ်ပူနေရှာတာပါ။

‘’ပထမ ရန်ကင်းကလေးဆေးရုံမှာတင်၊ အဲ့ဒီကနေမှ ဟယ်လ်ပင်ကလေးဆေးရုံအရိုးဌာနမှာဒီနေ့ပဲ။ ခွဲစိတ်မှုအသေးစားလုပ်ပြီးခြေထောက်အကောင်းအတိုင်းပြန်ဖြစ်အောင်ကုသထားရပါတယ်။ အနေအေးပြီးဘယ်တော့မှ ဂျီမကျတဲ့သမီးလေး ခိုင်ညမိုးမေ နာလွန်းလို့ငိုနေရှာတယ်။ သမီးလေးညည ရဲ့ ခြေထောက်လေး အကောင်းပကတိအတိုင်းပြန်ဖြစ်အောင် ဆုတောင်းပေးကြပါဦးရှင်’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားပြန်ပါသေးတယ်။

Photo: Khine Hnin Wai

ခိုင်နှင်းဝေ(ုKhine Hnin Wai )ဟာ လက်ရှိမှာတော့ စွန့်ပစ်ခံ မိဘမဲ့ ကလေး ၂၂ ယောက်ကို မွေးစားထားတာ ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်းတွေ သွားရောက်လုပ်ကိုင် ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က