ဘောလုံးပြိုင်ပွဲမှာ ဂိုးဖမ်းသမားတစ်ယောက်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။

မွန်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် စိုင်းစိုင်းခမ်းလှိုင်က ငွေကျပ် သိန်း ၃၀ လှူခဲ့တာကို တွေ့ရပါတယ်။ သူကိုယ်တိုင်ကလည်း ဒီအလှူအတွက် ဘောလုံးပွဲကျင်းပတဲ့အခါမှာ ဂိုးသမား တစ်ယောက်အဖြစ် တစ်ဖက်တစ်လမ်းက ပါဝင်အားဖြည့်ခဲ့သူပါ။

Photo: Aye Zaw Moe



စိုင်းစိုင်းခမ်းလှိုင်ဟာ မွန်ပြည်နယ်အတွင်းက ရေဘေးဒဏ်သင့်ခဲ့ကြတဲ့ ပြည်သူတွေအတွက် ငွေကျပ် သိန်း ၃၀ လှူဒါန်းခဲ့ပါတယ်တဲ့။ဒီအလှူကိုတော့ သြဂုတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အနုပညာရှင်များစွာ စုပေါင်းထားတဲ့ ရန်ပုံငွေ အလှူအတွက် ဘောလုံးပွဲမှာ လှူခဲ့တယ်လို့ ဆိုပါတယ်။

‘’ယမန်နေ့က ရေဘေးရန်ပုံငွေ ဘောလုံးပွဲမှာ အလှူငွေ သိန်း ၃၀ ကျပ် လှူဒါန်းခဲ့ပါတယ်။ သဘာဝဘေးနဲ့ ဘေးအန္တရာယ်အမျိုးမျိုးခံစားနေရတဲ့သူတွေ ဒေသတွေ အမြန်ဆုံးအဆင်ပြေပါစေ’’ ဆိုပြီးတော့ သြဂုတ်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Wai Min Maung

ဒီ ရန်ပုံငွေပွဲအတွက် ဘောလုံးပြိုင်ပွဲကျင်းပတဲ့အခါမှာတော့ စိုင်းစိုင်းခမ်းလှိုင်က အပြာအသင်းရဲ့ ဂိုး သမား တစ်ယောက်အဖြစ် ပါဝင်ခဲ့တာပါ။ စိုင်းစိုင်းရဲ့ ပရိသတ်တွေကတော့ တစ်ခဲနက် အားပေးခဲ့ကြတာကို တွေ့ရပါတယ်။ စိုင်းစိုင်းကိုယ်တိုင်ကလည်း ဒီလို ရန်ပုံငွေ ဘောလုံးပြိုင်ပွဲမှာ ပါဝင်ခဲ့ရလို့လည်း အတိုင်းမသိ ဝမ်းသာမိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

စိုင်းစိုင်းဟာ စိုင်းစိုင်း(Sai Sai)က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရသူပါ။

Photo: RBV

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က