မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ သွားရောက်လှူဒါန်းမှာပါ။

ထူးအယ်လင်းဟာ အလှူခံရရှိထားတဲ့ ငွေကြေးတွေကို ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ သွားရောက်လှူဒါန်းနေပြီလို့ဆိုပါတယ်။ သူဟာ ပရဟိတအလုပ်တွေလုပ်ရင်း ပျော်နေသူတစ်ယောက်ပါ။

Photo: Htoo El Lynn



အဆိုတော်ထူးအယ်လင်းက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာရှိတဲ့ ရေဘေးသင့်ဒေသတွေကို သွားရောက်လှူဒါန်းနေပြီဖြစ်ပါတယ်။ သူဟာ အလှူခံရရှိငွေ သိန်း ၁၅၀ ခန့်ရရှိခဲ့တယ်လို့ သူကဆိုပါတယ်။

‘’မွန်ပြည်နယ်၊ ကရင်ပြည်နယ် ရှိ ရေဘေးသင့်နေရာများသို့ သွားရောက်လှူဒါန်းဖို့ရာအတွက် ရိက္ခာခြောက်များ ၊ ဆန်အိတ်များ ၊ အဝတ်အထည်များ ၊ စောင်များ နှင့် အလှူငွေသား စုစုပေါင်း ကာလတန်ကြေး သိန်းတစ်ရာ့ငါးဆယ်ဝန်းကျင်ခန့်ကို အလှူခံရရှိပါတယ်ဗျ ။ (၁၆.၈.၂၀၁၉) မနက် ၈:၀၀ နာရီမှာ ရန်ကုန်မှခရီးစထွက်ပြီး ကျွန်တော်တို့ ညီအကိုများ စုပေါင်း၍ သွားရောက်ကူညီလှူဒါန်း ကြမည်ဖြစ်ကြောင်း အလှူရှင်များကို ကုသိုလ်သတင်းပါးအပ်ပါတယ်ဗျ’’ ဆိုပြီးတော့ သြဂုတ်လ ၁၅ ရက်နေ့ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

Photo: Htoo El Lynn

အဆိုတော် ထူးအယ်လင်းက သူ့ရဲ့ ပရဟိတအလုပ်တွေနဲ့ ဂီတအလုပ်ကို အချိန်ရသလောက် လုပ်နေရတဲ့ ဘဝလေးကို ပျော်ရွှင်နေပြီလို့ ဆိုပါတယ်။ ဂီတလုလင် ဘဝလေးမှာ ပျော်နေပြီလို့ လည်း ပြောထားပါသေးတယ်။

‘’ကုသိုလ်ကံရယ်နည်း ခဲ့တာကြောင့် မထင်မရှား ဂီတလုလင် ဘဝလေးမှာ နေပျော်ပါပြီ။ မီးသဂြိုလ်စက် ဆောက်မယ်။ နာကူအသင်း ထူထောင်ပေးမယ်။ မိဘမဲ့ကလေးတွေ အတွက် ထောက်ပံ့ကူညီမယ်။ ကျေးရွာလေးတွေမှာလမ်းတွေခင်းပေးမယ်။ ကျေးရွာလေးတွေမှာ တံတားတည်မယ်။ ကျေးရွာတွေမှာ စာသင်ကျောင်းဆောက်တယ်။ ကူရာမဲ့ ဘိုးဖွားတွေအတွက် နိုင်သလိုကူညီမယ်။ ရဟန်းခံ ရှင်ပြုနားသ မင်္ဂလာပြုပေးမယ်။ စေတီတည်တယ်။ သိမ်ကျောင်းဆောက်လှူမယ်’’ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

Photo: Htoo El Lynn

ထူးအယ်လင်းဟာ တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိတဲ့သူပါ။ သူ့ရဲ့ အလှူတိုင်းအတွက်လည်း အမြဲတမ်း စိတ်ချမ်းသာ ပီတိဖြစ်ရတယ်လို့လည်း ရင်ဖွင့်ပြောပြထားပါသေးတယ်။

‘’ပကာသနအလှူမဟုတ်တဲ့အတွက်ကြောင့် ရိုးရှင်းစွာနဲ့ လှူခဲ့ကြတဲ့နေရာတိုင်းမှာ အလှူတစ်ခုပြီးတိုင်း ပီတိတွေနှင့်အတူ ကိုယ့်ရပ်ဌာနေအိမ်အပြန်တိုင်း ပျော်ရွှင်ခဲ့ကြရတယ် ။အတ္တကိုရှေ့တန်းတင်ပြီး စွန့်လည်း မစွန့်လွှတ်နိုင်ပဲပြုလုပ်သော ဘာသာရေး လူမှူရေးတွေက ဘာအကျိုးမှ မရှိဘူး။ ဒါကြောင့် ပကာသနအလှူနှင့်ဒါနအလှူခွဲခြားထားပါတယ်’’ လို့ ရင်ဖွင့်ပြောပြခဲ့ဖူးပါသေးတယ်။

Photo: Htoo El Lynn

ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါေ သးတယ်။အဲဒီနောက် ဘုရားစေတီတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်းခြင်း၊ စာသင်ကျောင်းများမှာ ရှိတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်းဖြင့် ကုသိုလ်အလှူတွေ လုပ်လေ့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က