အလှူငွေကျပ် ၁၁ သိန်း လှူခဲ့ကြပါတယ်တဲ့။

အိချောပိုနဲ့ သူမရဲ့ ပရိသတ်တွေ စုပေါင်းပြီး ရေဘေးသင့်ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းက အလှူအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ငွေကျပ် ၁၁ သိန်းလှူခဲ့ကြတာ တွေ့ရပါတယ်။

photo : HK



အိချောပိုနဲ့ အတူ သူမကို ချစ်ကြတဲ့ ပရိသတ်တွေ စုပေါင်းပြီး ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေ (၁၁)သိန်းကျပ်တိတိကို လှူဒါန်းခဲ့ကြတယ်လို့ ဦးကျော်သူက ပြောပါတယ်။

‘’We Love အိချောပို Fan Group ၏ ရေဘေးသင့်ဒေသများအတွက် မွန်မြတ်အလှူ (၂၅.၈.၂၀၁၉) တနင်္ဂနွေနေ့ ရန်ကုန်မြို့ ။ We Love အိချောပို Fan Group မွန်မြတ်အလှူ အလှူငွေ - ၁,၁၀၀,၀၀၀ိ/ (တစ်ဆယ့်တစ်သိန်းကျပ်တိတိ) သာဓု သာဓု သာဓု ခေါ်ဆိုလိုက်ရပါသည်’’ ဆိုပြီးတော့ ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ သြဂုတ်လ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။

photo:kyaw thu

အဲဒီနောက် အိချောပိုကလည်း သူမရဲ့ ပရိသတ်လေးတွေကြောင့် အမြဲတမ်း ပီတိဖြစ်ခဲ့ရသူပါတဲ့။ ပရဟိတ အလှူလေးအတွက်ကိုလည်း ကျေးဇူးတင်စကားတွေ ပြောခဲ့ပါသေးတယ်။

‘’We Love Ei Chaw Po Fan Group ရဲ့ရေဘေးသင့်ဒေသများအတွက် မွန်မြတ်အလှူလေး။ အမြဲတမ်းအားငယ်သိမ်ငယ်စိတ်တွေမရှိအောင် လိုလေသေးမရှိ ဘေးကအမြဲရပ်တည်အားပေးနေကြတဲ့ ချစ်ရတဲ့ အမာခံပရိတ် သတ် We Love Ei Chaw Po fan group လေးကြောင့် မျက်နှာအမြဲပွင့်ခဲ့ရတယ်။

ကျေးဇူးပါ ချစ်ရသူတို့’’ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ သြဂုတ်လ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။

photo : Zaw Myo Htet

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အရှေ့ကိုရောက်လာတဲ့ အိချောပိုဟာ အခုဆိုရင် အရမ်းကိုအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအလှအပကြောင့်လည်း ပရိသတ်တွေအားကျရသလို ဇာတ်ရုပ်တိုင်း အပေါ် သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်အချစ်ကို ပိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အိချောပိုဟာ ၂၀၁၇ ခုနှစ်အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာ ပွဲခံမယ်ရုပ်ရှင်ဇာတ်ကား၊ အမည်ပေါက်နဲ့ကျူး ရုပ်ရှင်ဇာတ်ကားကြီးတို့ နဲ့လည်း အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် ပရိသတ်တွေ ထင်ကြေးပေးခံခဲ့ရဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က