ကုသိုလ်ရေးနဲ့ပတ်သက်လာရင် လက်မနှေးတတ်သူပါ။

မြင့်မြတ်ကတော့ ရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် စောင်၊ ခြင်ထောင်များကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ မင်းသားချောတစ်ယောက်ပါ။

Photo: Ko Nyein Chan



သရုပ်ဆောင်မြင့်မြတ် တို့ မိသားစုဟာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာရှိတဲ့ ရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် လိုအပ်တာတွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒါကိုတော့ မြင့်မြတ်တို့မိသားစုရဲ့ အလှူကို လက်ခံခဲ့တဲ့ ပရိသတ်တစ်ဦးက ပြောပြထားတာပါ။

‘’ရုပ်ရှင်မင်းသား အကယ်ဒမီကိုမြင့်မြတ်+မခင်သူအောင် သားမြတ်သူ မိသားစုမှရေဘေးသင့်ပြည်သူများအတွက် စောင် ၊ခြင်ထောင် များလှူဒါန်းပေးပါသည်’’ ဆိုပြီးတော့ သြဂုတ်လ ၁၈ ရက်နေ့ ညနေ ၅ နာရီကျော်က ကိုငြိမ်းချမ်းဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ရေးသားထားတာ တွေ့ရပါတယ်။

Photo: Ko Nyein Chan

သူ့ကို အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေကတော့ ဒီအလှူလေးအတွက် အများကြီး ဝမ်းသာပီတိဖြစ်နေကြတာကို တွေ့ရပါတယ်။ မြင့်မြတ်ကတော့ ဒီနှစ်မှာ အသက်(၃၃)နှစ်ပြည့်လို့သွားခဲ့ပါပြီ။ သူနဲ့ မွေးနေ့တူတဲ့ သားသားလေး မြတ်သူကတော့ အသက်(၁)နှစ်ပြည့်သွားခဲ့ပါပြီ။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးတတ်သူ တစ်ယောက်ပါ။ ငွေအားလည်း လှူဖြစ်သလို တစ်ခါတလေမှာ ကိုယ်တိုင်လုပ်အားလည်း ပါဝင်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။

Photo: Ko Nyein Chan

မြင့်မြတ်က လက်ရှိမှာ အောင်ပန်းတွင် ဒါရိုက်တာ ပြည်ဟိန်းသီဟတို့နဲ့အတူ “သရွှီး”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားကို မြန်မာနိုင်ငံရဲ့ သဘာဝရှုခင်း အလှအပတွေရှိရာ ကလော၊ အောင်ပန်း၊ အင်းလေးနဲ့ ညောင်ရွှေတို့မှာ ရိုက်ကူးသွားမှဖြစ်ပြီး လက်ရှိမှာတော့ အင်းလေးမှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ရိုက်ကူးတာဖြစ်ပါတယ်။

Photo: Ko Nyein Chan

မြင့်မြတ်က လက်ရှိအနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရပါတယ်။ သူဟာ ၂၀၁၇ခုနှစ်က အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို “အမှောင်မှာရွာချတဲ့မိုးတိမ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က