ဒီနေ့က မင်းသန့််ရဲ့ မွေးနေ့ပါ။

မင်းသန့်မောင်မောင်က အသက်(၂၂)နှစ်ပြည့် သွားခဲ့ပါပြီ။ သူ့ရဲ့ မွေးနေ့မှာ မိဘနဲ့အတူ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

 

Photo : စင်ရော်မောင်မောင်

ဒီနေ့(ဇူလိုင်၃ရက်)က ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် မေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သားလေး မင်းသန့်မောင်မောင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ မင်းသန့်မောင်မောင်က အသက်(၂၂) နှစ်ပြည့် မွေးနေ့လေးတွေကို ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရင်း ဖြတ်သန်းနေတာ တွေ့ရပါတယ်။

Photo : စင်ရော်မောင်မောင်

ဖေဖေ၊ မေမေနဲ့အတူ မိုးကောင်းလမ်းတွင်ရှိသော မဟာဗောဓိ ပရိယတ္တိ စာသင်တိုက်မှာရှိတဲ့ သံဃာတော် အပါး (၃၉၀) အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ စင်ရော်မောင်မောင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

“ရွှေကျင် မဟာဗောဓိကျောင်းတိုက်တော်တွင် မဟာဗောဓိဆရာကြီးအား အမှူးထား၍ သံဃာတော် (၃၉၀)အား ဆွမ်း ၊ သင်္ကန်းတို့ ကို သားမင်းသန့်မောင်မောင်မှ မွေးနေ့အလှူမင်္ဂလာအဖြစ် ဆက်ကပ်လှူဒါန်းပါသည်။ သာဓုသာဓုသာဓု အနုမောဒနာ ခေါ်ဆိုကြပါခင်ဗျာ

သား မင်းသန့်မောင်မောင်” ဆိုပြီး ဇူလိုင်(၃) ရက်နေ့က ပြောထားတာပါ။

Photo : စင်ရော်မောင်မောင်

မင်းသန့်မောင်မောင်ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က မြန်မာနိုင်ငံကို အပြီး ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံ ပြန်ရောက်ပြီး နောက်ပိုင်းမှာလည်း ဖခင်ဖြစ်သူနဲ့ အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ ပုံဖော်ရိုက်ကူးလျက်ရှိတာတွေ့ရပါတယ်။ သူဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ ပညာသင်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Bachelor of Fine Arts ဘွဲ့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

သူ့ကိုတော့ မိခင်ဖြစ်သူ သရုပ်ဆောင် မေသန်းနုနဲ့ အတူ တီဗီကြော်ငြာတွေ ကနေတဆင့် ပရိသတ်တွေ အားပေးချစ်ခင်လာခဲ့ရတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က