အလုပ်ကိစ္စနဲ့ ခရီးသွားရင်း လှူဒါန်းခဲ့တာပါ။

ရေဘေးကြောင့် ဘေးအန္တရာယ်ကျရောက်နေတဲ့ မိသားစုတွေအတွက် သူမတတ်နိုင်သလောက် လှူဒါန်းမှုလေး ပြုလုပ်ခဲ့တာပါ။

သရုပ်ဆောင် အေးဝတ်ရည်သောင်းက မြဝတီဘက်သို့ ဆိုင်ဖွင့်ပွဲသွားရင်းနဲ့ ရေဘေးသင့်နေတဲ့ မိသားစုများအတွက် စားစရာများ ဝင်ရောက်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ ဘားအံ့မြို့က တာဝန်ရှိသူတွေထံ ဝင်ရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

“Hello မြဝတီ မြဝတီ Remax corner ဆိုင်ခွဲဖွင့်ဖို့အတွက်လာနေပါပြီနော်။ လမ်းမှာ ရေဘေးအလှူအတွက် ရွှေကျီးမုန့်များကို ဘားအံမြို့မှ တာဝန်ရှိသူများထံ ဝင်ရောက်လှူဒါန်းခဲ့ပါတယ်ရှင့်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၁၀)ရက်နေ့က ရေးသားထားပါတယ်။

သဘာဝဘေးအန္တရာယ်ကြောင့် ခံစားနေရတဲ့ သူတွေ အကူအညီ လိုအပ်နေတဲ့ သူတွေအတွက်ကိုလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ အကူအညီတောင်းထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တွေကို စုစည်းပြီးတော့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပေးထားပါသေးတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းမှာ ရှိတဲ့ မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လျှက်ရှိပါတယ်။ မော်လမြိုင်၊ မုဒုံ၊ ရေး၊ မုတ္တမ၊ ပေါင်၊ သံဖြူဇရပ်၊ ဘားအံစတဲ့ မြို့တွေမှာတော့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောက်ရွက်ပေးနေရပြီး မုတ္တမမြို့ဆေးရုံက လူနာတွေကိုပါအရေးပေါ်ပြောင်းရွှေ့ထားရတာပါ။ဒီသတင်းတွေနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေရော ပြည်သူတွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။

အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က