သူမရဲ့ ခံစားချက်တွေကို ရင်ဖွင့်လာပါတယ်။
Sabal Thwin

အေးမြတ်သူက သူမရဲ့ ခံစားချက်လေးနဲ့ ထပ်တူကျတဲ့ အကြောင်းအရာလေးတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ ငွေကြေးချမ်းသာတာထက် ၊ စိတ်ချမ်းသာတာကို ပို မက်မောတယ်လို့ ဆိုပါတယ်။

Photo: Amazing Grace

အေးမြတ်သူကတော့ လက်ရှိ သူမရဲ့ ဘဝမှာ ခံယူထားတဲ့ အကြောင်းအရာ အချက်အလက်လေးတွေကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။ သူဟာ ငွေချမ်းသာတာထက် စိတ်ချမ်းသာမှုကို ပိုလိုလားတယ်လို့ သူကဆိုပါတယ်။

‘’အရင်တုန်းကတော့အောင်မြင်နေတဲ့သူတွေကိုအားကျတယ်။ အခုတော့ ပျော်ရွှင်နေတဲ့သူတွေကိုပဲအားကျတော့တယ်။ အရင်ကတော့ လူရာဝင်တဲ့သူတွေကိုလေးစားတယ်။ အခုကျတော့ လူကိုလူလိုဆက်ဆံတတ်တဲ့သူတွေကိုပဲ လေးစားမိတော့တယ်။ အရင်တုန်းကတော့ ငွေကြေးချမ်းသာတဲ့သူတွေကို ငေးမောခဲ့ရတယ်။ အခုတော့ စိတ်ချမ်းသာနေတဲ့သူတွေကိုပဲ ငေးမောနေမိတော့တယ်’’လို့ သူကဆိုပါတယ်။

Photo: Aye Myat Thu

အဲဒီနောက် သူမရဲ့ ဘဝကို ရိုးရိုးသားသား ရှင်သန်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို ဖြတ်သန်းခဲ့ဖူးတဲ့ လူတိုင်းကိုလည်း အားကျတယ်၊ အတုယူတယ်လို့ အေးမြတ်သူက သူမရဲ့ ခံစားချက်နဲ့ ထပ်တူကျတဲ့ စာသားလေးတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Credit ပေးပြီး တင်ထားခဲ့တာပါ။

‘’အရင်တုန်းကတော့ လူတွေယုံကြည်လာအောင်နေထိုင်ခဲ့ကျင့်ကြံခဲ့တယ်။ အခုတော့ ကိုယ့်လိပ်ပြာကိုယ်လုံဖို့ပဲ ဦးစားပေးကျင့်ကြံ ဖြစ်တော့တယ်။ အရင်တုန်းကတော့ ကြိုးစားတဲ့သူတွေကိုအတုယူတယ်။ အခုကျတော့ ရိုးသားတဲ့သူတွေကိုပဲ ပိုအတုယူလာမိတယ်။ အရင်တုန်းကတော့ အရှေ့ဆုံးကနေပန်းဝင်ဖို့ပဲအားစိုက်တယ်။ အခုကျတော့ ဖြည်းဖြည်းမှန်မှန်နဲ့ ဘဝကိုရိုးရိုးရှင်းရှင်းလေးဖြတ်သန်းသွားနိုင်ဖို့ပဲ အားစိုက်တော့တယ်။ မနောဖြူ crd’’ ဆိုပြီတော့ သြဂုတ်လ ၂၃ ရက်နေ့ မနက် ၈ နာရီ ၄၃ မိနစ်ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

Photo: Amazing Grace

အေးမြတ်သူရဲ့ အသက်က အခုချိန်မှာ ၃၀ကျော် အရွယ်ကို ရောက်နေပြီဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း ဒီစာသားလေးအတိုင်း ကျင့်ကြံနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

‘’အသက်၃၀မှာ အဲ့လိုအသိစိတ်လေး နဲနဲဝင်လာတော့ ကြိုးစားပြီးနေကြည့်ခဲ့တယ်။ နေကြည့်နေတာမို့ ဘဝကြီးက အရင်ထက် သက်တောင့်သက်သာ ပိုရှိလာတယ် ချစ်ဆုံးတို့ရေ။နည်းလမ်းကောင်းလေး မျှဝေတာပါ။ ချစ်ရတဲ့အမျိုးတွေအားလုံးကို လွမ်းနေပါကြောင်း’’ ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Amazing Grace

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချောတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။


က္က