(၅) ရက်တောင် ရှိပြီတဲ့။

ပရိသတ်တွေရဲ့ အချစ်တော် ယွန်းဝတီလွင်မိုးက ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ရင်သွေးလေးကို မွေးပြီးတာ (၅) ရက်လောက်ရှိပြီဆိုတဲ့ အကြောင်းကိုလည်း သူမ အင်စတာဂရမ်ရဲ့ Story မှာ တင်ထား တာတွေ့ရပါတယ်။


Photo : ယွန်းဝတီလွင်မိုး IG

ပရိသတ်တွေရဲ့ အချစ်တော် ယွန်းဝတီလွင်မိုးက ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ရင်သွေးလေးကို မွေးပြီးတာ (၅) ရက်လောက်ရှိပြီဆိုတဲ့ အကြောင်းကိုလည်း သူမ အင်စတာဂရမ်ရဲ့ Story မှာ တင်ထားတာတွေ့ရပါတယ်။ သူမရဲ့ တင်ထားတဲ့ Story က စာကြောင့် ပရိသတ်တွေ အရမ်းကို အံ့သြသွားကြပါတယ်။

"I Just gave birth to my baby 5 days ago. It's not a pregnancy announcement .It's a birth announcement" ဆိုတဲ့ စာလေးကို သူမရဲ့ အင်တာဂရမ်မှာ သြဂုတ်လ(၁၂) ရက်နေ့ ရေးသားထားတာပါ။

 

သူမတင်ထားတဲ့ စာသားလေးရဲ့ အောက်မှာတော့ ပရိသတ်တွေရော သူငယ်ချင်းတွေကပါ ဝိုင်းပြီး ဂုဏ်ပြုစကားတွေ ပြောထားကြပါ သေး တယ်။ တချို့ပရိသတ်တွေဆိုရင် ယွန်းဝတီလွင်မိုးရဲ့ ဘေဘီလေးကို  တွေ့ချင်နေပြီဆိုပြီးတော့လည်း ပြောထားတာ တွေ့ရပါတယ်။

ယွန်းဝတီ လွင်မိုးကတော့ မင်းသားကြီးလွင်မိုးနဲ့ ဒေါ်မေသူတို့ရဲ့  သမီးကြီးလေးဖြစ်သလို ဖခင်နဲ့ မိခင်တို့ရဲ့ ချောမောတဲ့ ရုပ်ရည်လေးကို အမွေဆက်ဆံထားသူ တစ်ဦးဆိုရင်လည်း မမှားပါဘူး။

Photo : ယွန်းဝတီလွင်မိုး IG

ဘုရားမှာဌာပနာဖို့ ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံက ကျောက်စိမ်းရုပ်ပွားတော် ပေးပို့လှူဒါန်း 

ယွန်းဝတီလွင်မိုးဟာ သရုပ်ဆောင် လွင်မိုးရဲ့သမီးဖြစ်ပြီး ကြော်ငြာအချို့မှာလည်း ပါဝင်ထားတဲ့သူမဟာ ချစ်ဖို့ကောင်းပြီး လှပတဲ့အတွက် ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ မေတ္တာကို ရရှိထားသူလေးပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်မယ့် ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo : ယွန်းဝတီလွင်မိုး IG

ယခုလက်ရှိ သူမဟာ ခင်ပွင်းဖြစ်သူနဲ့အတူ  သြစတြေးလျ မှာ အတူ နေထိုင်လျက်ရှိပါတယ်။အိမ်ထောင်ကျ ကလေးရပြီးပေမယ့် လဲ ယွန်းဝတီလွင်မိုး အပေါ် ပရိသတ်တွေ က အခုထိ အချစ်ပိုနေကြတုန်းပါ။

Share

Loading Next Article...
က္က