သားလေးက အခုဆိုရင် ရက် ၁၀၀ ပြည့်ပြီဖြစ်ပါတယ်။
Sabal Thwin

မိုးမိုးနဲ့ မြတ်ပီတိမိုးတို့ ဇနီးမောင်နှံဟာ သားငယ်လေး ရက် ၁၀၀ ပြည့်မွေးနေ့အဖြစ် အလှူအတန်းတွေလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီအလှူကိုတော့ ခိုင်နှင်းဝေ ‘’ရင်သွေးလေးများ ရိပ်မြုံ’’မှာ ပြုလုပ်ခဲ့ပါတယ်။

Photo: Moe Moe

အဆိုတော် မိုးမိုးကတော့ သားငယ်လေး မိုဂျူး ရက် ၁၀၀ ပြည့် မွေးနေ့ အမှတ်တရ အဖြစ် ခိုင်နှင်းဝေ ရင်သွေးလေးများ ရိပ်မြုံမှာ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒိနောက် သူ့ရဲ့ သီချင်း အသစ် ထွက်တဲ့ အမှတ်တရတွေလည်း ပါတယ်လို့ ပြောပါတယ်။

‘’မနေ့က မခိုင်နှင်းဝေရဲ့ မွေးစားကလေးလေးတွေအတွက် DGနို့မှုန့်တွေ၊ အကျႌတွေ၊ သွားရောက်လှူဒါန်းခဲ့ပါတယ် သားသားလေး ရက်တစ်ရာပြည့်မွေးနေ့နဲ့ ‘’မျှော်လေတိုင်းမှိုင်းရီ’’ သီချင်းလေးထွက်ရှိမှု အမှတ်တရပေါ့’’ ဆိုပြီးတော့ သြဂုတ်လ ၂၉ ရက်နေ့ မနက် ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Moe Moe

အဲဒီနောက် သရုပ်ဆောင် ခိုင်နှင်းဝေကလည်း သူမကလေးတွေ အတွက် လိုအပ်တာတွေကို လာရောက်လှူဒါန်းခဲ့ကြတဲ့ အဆိုတော် မိုးမိုးတို့ မိသားစုကို ကျေးဇူးတင်စကား ဆိုခဲ့ပြန်ပါသေးတယ်။

‘’ယနေ့ ကျွန်မရဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ ကို အဆိုတော် သရုပ်ဆောင် ကိုမိုးမိုး မိသားစု မှ ကလေး အကျႌများ နှင့် နို့မှုန့် ဘူးများ လာရောက် လှူဒါန်း ခဲ့ပါတယ်ရှင်။ အခုလို လာရောက် လှူဒါန်း မှုအတွက် ကျမ ခိုင်နှင်းဝေ နှင့် သားသားမီးမီးလေးတွေမှ ကျေးဇူးအများကြီးတင်ပါတယ်ရှင်’’ ဆိုပြီးတော့ သြဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Moe Moe

အဆိုတော်မိုးမိုး နဲ့ မြတ်ပီတိမိုးတို့ရဲ့ တစ်ဦးတည်းသော သမီးလေး မိုးအိပ်မက်လွှာ ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမီးလေးကိုတော့ ပရိသတ်တော်တော်များများက ဖေဖေ မိုးမိုးနဲ့ တူတယ်လို့ပြောကြတာကို တွေ့ရပါတယ်။ သမီးလေးရဲ့ အိမ်ခေါ်နာမည်လေးကတော့ ဂျူးငယ် ဖြစ်ပါတယ်။ မိုးမိုးမှာ ချစ်ရတဲ့ ဇနီးလေးနဲ့အတူ ချစ်ရတဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Photo: Moe Moe

အခုဆိုရင်လည်း မိုးမိုး(Moe Moe) ကသားလေးတစ်ယောက်ကို ထပ်မံပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ တနင်္ဂနွေမိုးရေစက်များ ဆိုတဲ့ တေးစီးရီးကနေ ပရိ သတ် အားပေးမှုအများကြီးရရှိခဲ့တဲ့ အဆိုတော် မိုးမိုး ကတော့ ဖျော်ဖြေရေးတွေမှာလည်း ပါဝင်သီဆိုနေရသလို၊ Group Song အခွေ တွေမှာ လည်း ပါဝင်သီဆိုနေရတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ EP ဆိုတဲ့ တစ်ကိုယ်တော်အခွေ MTV ရိုက်ဖို့ ဝိတ်ချနေတယ်လို့ ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က